CH- 49

1.4K 159 6
                                    

အခန်း ၄၉ မာန

ဖန်လုံအိမ်က ပူနွေးနေပြီး လေက စိုစွတ်နေသည်။ ဤရောင်စုံပန်းပွင့်များအတွက် အပူချိန်နှင့် စိုထိုင်းဆကို ထိန်းသိမ်းထားနိုင်သည်။

မင့်ရနံ့သင်းသင်း၏ အငွေ့အသက်ကလည်း တသွေမတိမ်း ရှိနေသေးသည်။ လဲ့ကျစ်က သူမ၏ စိတ်ထဲတွင် အချိန်ကို တွက်ချက်ခဲ့ပြီး သူမ၏ စိတ်က အလွန် တည်ငြိမ်သွားခဲ့သည်။ သို့သော် သူမ၏ နှလုံးသားက အနည်းငယ် ထိန်းမရဘဲ ပြင်းထန်စွာ ခုန်နေသော နှလုံးသားကို ဆန့်ကျင်ဘက် အင်အားစု နှစ်ခုက ဆုပ်ကိုင်ထားကာ နာကျင်စွာ ဆုတ်ဖြဲနေခဲ့သည်။

သူမ မျက်လုံးတွေကို မှိတ်ထားလိုက်သည်နှင့် အမှောင်ထဲတွင် သူမသည် တုန်လှုပ်ခြောက်ခြားဖွယ်ရာ မြင်ကွင်းများကို ရုတ်တရက် မြင်လိုက်ရသည်။

လဲ့ကျစ်က ရုတ်​တရက်​ အဖြစ်​မှန်​ကို ပြန်တွေး​လိုက်​ပြီး မျက်လုံးကို ဖြေးဖြေးချင်းဖွင့်လိုက်သည်။ ထိုနောက် ဟော်တူ၏ခါးကို သူမလက်​နဲ့ တင်းတင်းကြပ်​ကြပ်​ဆုပ်​ကိုင်​ထားသည်​ကို သိ​လိုက်​ရသည်​။ သူမက ကွေးထားသော လက်ချောင်းများကို ဖြည်းညှင်းစွာ ဖြေလျော့လိုက်ရာ သူမက ဘေးဘက်သို့ ပျော့ခွေကျသွားသည်ကို သူမ နားလည်လိုက်သည်။

သူမ ခွန်အားတွေ အကုန်ဆုံးရှုံးသွားခဲ့သည်။

သူမလက်လွှတ်လိုက်သည်နှင့် တပြိုင်နက် သူမ၏ နောက်ကျောမှ လက်များက ခွန်အားများ တိုးလာကာ ပို၍ပင် တင်းကျပ်လာသည်။ ဆုံးရှုံးသွားသော ခွန်အားကို ဖြည့်ဆည်းရန် ကြိုးစားနေသလိုပင်။

လဲ့ကျစ်၏ နှုတ်ခမ်းများပေါ်တွင် နာကျင်နေသော အပြုံးတစ်ခု ပျံ့နှံ့လာပြီး ဖြတ်လမ်းများ၏ စျေးနှုန်းက မည်သည်ဖြစ်သည်ကို ရုတ်တရက် နားလည်သွားသည်။

အစပိုင်းတွင် လဲ့ကျစ်က သူမ၏ လက်စားချေရန် လမ်းကြောင်းကို ပိုမိုလွယ်ကူအောင် ပြုလုပ်ချင်ခဲ့သည်။ သူမက ခံစားချက်‌တွေကို နားမလည်ခဲ့တာကြောင့် သူမက ခံစားချက်များကို အခွင့်ကောင်းယူရာတွင် ကျွမ်းကျင်သည်ဟု ကိုယ်ကိုကိုယ် ထင်မြင်ခဲ့သည်။ သူမက သူမကိုယ်သူမ ကျိုးကြောင်းဆီလျော်သော အတိုင်းအတာတစ်ခုအတွင်း ရှိနေသည်ဟု ထင်ခဲ့ပြီး ဟော်တူ၏ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now