CH- 48

1.3K 151 3
                                    

အခန်း ၄၈ နာရီဝက်

အစောင့်များက ကျွမ်းကျင်သော လှုပ်ရှားမှုများဖြင့် တတ်နိုင်သမျှ လျင်မြန်စွာ ဖူရှန်းအား ကြိုးဖြေပေးလိုက်သည်။ ကြိုးဖြည်ပြီးနောက် အရှင့်သားထိုက်ဇီ၏ ညွှန်ကြားချက်အတိုင်း ခြံနောက်ဘက်သို့ အမြန်ထွက်ခွာသွားကြသည်။

မကြာခင်မှာပဲ လဲ့ကျစ်နဲ့ ဖူရှန်းတို့ပဲ ဧရာမခြံဝင်းကြီးထဲမှာပဲ ကျန်နေတော့သည်။

လဲ့ကျစ်က ဟော်တူထွက်ခွာသွားသော လမ်းကြောင်းကို အံ့သြစွာ စိုက်ကြည့်ရင်း အလွန်ပင် ပဟေဋ္ဌိဖြစ်သွားသည်။ အခုနပဲ သူ့မျက်လုံးထဲမှာ ဒေါသတွေကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပေမယ့် အကြောင်းတစ်ခုခုကြောင့် သူ နည်းနည်း တုန်လှုပ်သွားပြီးနောက် သူ့မျက်လုံးတွေ တောက်ပလာပြန်သည်။

သူက အစောင့်များကို အလျင်အမြန် အမိန့်အနည်းငယ်ပေးကာ "မင်းတို့နှစ်ယောက် စကားပြောကြ" ဆိုတဲ့ စာကြောင်းလေးပဲ ချပေးခဲ့ပြီး အမြန်ထွက်သွားခဲ့သည်။

သူ့အမူအရာက ခဏလေးအတွင်း ထွက်ပြေးလွတ်မြောက်ချင်နေသလိုပါပဲ။

လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ သူဘာတွေတွေးနေလဲဆိုတာကို မသိတော့ပဲ ပို၍ ပို၍ ရှုပ်ထွေးလာသည်။

"ကျစ်ကျစ်"

ဖူရှန်း၏ ခေါ်သံက လဲ့ကျစ်၏ အတွေးများကို သတိပြန်ဝင်လာစေခဲ့သည်။ သူမက ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းပြီး "အစ်ကို ဖူရှန်း၊ ဘာဖြစ်နေတာလဲ။ အစ်ကိုက ဘာလို့ ဒီကိုရောက်နေတာလဲ?"

ဖူရှန်းက လဲ့ကျစ်၏မျက်နှာကို ကြည့်လိုက်ပြီး လူတိုင်း၏မျက်လုံးထဲတွင် အလွန်နူးညံ့သိမ်မွေ့သော ဤမင်းသမီးလေးသည် ယခုအခါတွင် ရင့်ကျက်နေပြီကို သိလိုက်ရသဖြင့် အံ့အားသင့်သွားသည်။ အသက်အရွယ်ကြောင့် မဟုတ်ဘဲ သူမ၏စိတ်အခြေအနေ အပြောင်းအလဲကြောင့် ဆိုတာ သိသာနေသည်။

ထိုအရာက သူ့နှလုံးသားကို ထိုးနှက်နိုင်ခဲ့သည်။

ချီစစ်သားများက မြို့တော်ကို တိုက်ခိုက်သည့်နေ့တွင် သူက မြို့တော်တွင် မရှိဘဲ ဖန်းယန်မြို့တွင် ရောက်ရှိနေကာ ဒေသဆိုင်ရာ စာတမ်းတစ်စောင်ကို ရေးသားနေခဲ့သည်။ နောက်ပိုင်းတွင် ချီစစ်သားများက မြို့ကို ဝိုင်းထားသည့် သတင်းကိုကြားသောအခါ သူ အလွန်အမင်း ပြန်သွားချင်ခဲ့သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now