CH- 79

1.1K 128 3
                                    

အခန်း ၇၉ နုနယ်မှု

"အရှင့်သား... ထိုက်ဇီဖေးက ဟွာရှီမြို့ကို ဘေးကင်းကင်းနဲ့ ရောက်ရှိသွားပါပြီ" အန်းရွှယ်က လက်ခုပ်အုပ်ပြီး သတင်းပို့နေသည်။ "ပြီးတော့ ချူရန်နဲ့ သူ့လူတွေက စားနပ်ရိက္ခာတွေရပြီး သူတို့ တဖြည်းဖြည်း ပြန်အဆင်ပြေလာပါပြီ၊ ဒီလက်အောက်ငယ်သားက မကြာခင် သူတို့ ရောက်လာမှာကို ကြောက်မိ..."

"နားလည်ပြီ"

အန်းရွှယ် စကားမဆုံးခင် ဟော်တူက သူ့ကို ကျယ်လောင်စွာ ဟန့်တားလိုက်သည်။ အန်းရွှယ်က အနည်းငယ် ထိတ်လန့်သွားပြီး ဦးညွှတ်ကာ ပြန်ထွက်သွားသည်။

လရောင်က မှိန်ဖျော့နေပြီး တစ်ရက်အကြာတွင် ဤအိမ်ကြီးက ပို၍ပင် အသံများ ဆိတ်သုန်းသွားပုံရသည်။

ဟော်တူက လွှဲဒါန်းပေါ်တွင် တစ်ယောက်တည်း ထိုင်နေရင်း ဖြည်းညှင်းစွာ လွှဲနေသည်။ သူက လက်ထဲက သကြားလုံးဘူးသေးသေးလေးကို ငုံကြည့်ကာ တစ်လုံး ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။

အရမ်းကို ချိုမြိန်လွန်းတယ်။

သူ... အရင်တုန်းက ချိုမြိန်တဲ့အရာကို မကြိုက်ပေမယ့် အခုတော့ တဖြည်းဖြည်းနဲ့ ရင်းနှီးလာပါပြီ။

သူနှင့် လဲ့ကျစ်က တူညီသောလူများ မဟုတ်ကြောင်းကို သူ အမြဲသိခဲ့သည်။ သူမက ချစ်ခြင်းမေတ္တာတရားများဖြင့် ကြီးပြင်းလာခဲ့သည်။ သူမက စိတ်ဓာတ်မာကျောပြီး ရဲရင့်တက်ပေမယ့် နွေးထွေးပြီး ကြင်နာတက်သည်။ သို့သော် သူက သူမနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ သူ့မှာ အဲဒီလိုအရာတွေ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။

လုံးဝမတူတဲ့လူနှစ်ယောက် ဘယ်လို ယှဥ်တွဲနေနိုင်မှာလဲ???

ချိုမြိန်မှုတစ်ခုက သူ့လျှာဖျားကို တဖြည်းဖြည်း ရစ်ပတ်လာပြီး အေးမြသော အထိအတွေ့ ထွက်ပေါ်လာသည်။

ဟော်တူက ရုတ်တရက် ပြုံးလိုက်သည်။

မင့်ကို ပျားရည်နဲ့ရောစပ်လိုက်ရင် ထူးခြားကောင်းမွန်သော အရသာတစ်ခုကို ပြုလုပ်နိုင်သောကြောင့် မတူညီတဲ့လူတွေက သဟဇာတမဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now