CH- 90

1.2K 119 2
                                    

အခန်း ၉၀ ဂရုစိုက်ရှိစေမယ့် အရာ...မင်း

နောက်တစ်နေ့...

ရှန်းချင်းယန်က နက်ပြာရောင်အပေါ်ရုံကို ၀တ်ဆင်ထားပြီး လဲ့ကျစ်နှင့် ချိန်းဆိုထားသည့်နေရာဆီသို့ သွားရန် အိမ်တံခါးဝသို့ အမြန်သွားခဲ့သည်။ ဒါပေမယ့် သူမ အိမ်တော်ထဲက ထွက်လာတာနဲ့ ရထားလုံးပေါ်က ဆင်းလာတဲ့ ဟော်ရှက သူမဆီကို အပြေးရောက်လာသည်။

မျက်လုံးချင်းဆုံမိပြီး နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

ရှန်းချင်းယန်က သူမ၏ဗိုက်က တဆက်ဆက်တုန်လာတာကြောင့် မျက်မှောင်ကြုတ်ကာ ရုတ်တရက် ပျို့အန်ရန် ခေါင်းကို အကြိမ်အနည်းငယ် ငုံလိုက်သည်။ ကိုယ်ဝန်ကြောင့်လား၊ သူ့ကို မတွေ့ချင်တာကြောင့်လား သူမ မသိပေမယ့် အော်ကလီဆန်နေခဲ့သည်။

"မင်း အဆင်ပြေရဲ့လား?"

သူက သူမ၏လက်ကို ဆုပ်ကိုင်လာတာကြောင့် ရှန်းချင်းယန်က ရုတ်တရက် ခေါင်းကို ပြန်လှည့်လိုက်ရာ ဟော်ရှက သူမကို စိုးရိမ်တကြီး ကြည့်နေပြီး "ကိုယ်နဲ့ အိမ်တော်ကို ပြန်လိုက်ခဲ့ပါ"

သူမ၏နှလုံးသားက ရုတ်တရက် တုန်ခါသွားပြီး သူမ၏မျက်နှာက ဖြူဖျော့သွားသည်။ သူမက ငြင်းဆန်မှု အပြည့်ဖြင့် သူ့လက်မှ ရုန်းလိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းလောက် ပြန်ဆုတ်လိုက်သည်။ သို့သော် အိမ်အပြင်ဘက်မှာဖြစ်နေတာကြောင့် သူမက သိသာထင်ရှားအောင် မပြုမှုရဲပေ။

ဒါကိုမြင်တော့ ဟော်ရှက သဘာဝကျကျ နားလည်သွားသည်။

သူ့မျက်နှာပေါ်မှ စိုးရိမ်သောကများက ချက်ချင်း ပျောက်ကွယ်သွားပြီး စူးစူးရဲရဲ ဒေါသများ အစားထိုးလာသည်။ သူ့ရှေ့က အမျိုးသမီးကို သူ တကယ်နားမလည်နိုင်ခဲ့ပါဘူး။ အရင်ကတော့ သူမက သူ့ကိုလက်ထပ်ချင်ခဲ့ပြီး အိမ်တော်ထဲကို ၀င်သွားပြီးနောက် အိပ်ယာဝင်အစေခံအပေါ် မနာလိုစိတ်နဲ့ ဇာတ်အိမ်တည်ဆောက်ခဲ့သည်။ အားလုံးက သူမကြောင့် မဟုတ်ဘူးလား?

အခု ကိုယ်ဝန်ရှိနေပြီဆိုတော့ သူက လူကိုယ်တိုင် လာခေါ်တာကို ဝမ်းသာလွန်းလို့ မျက်ရည်ကျနေသင့်တာ မဟုတ်ဘူးလား။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now