CH- 77

1.1K 130 8
                                    

အခန်း ၇၇ ကာကွယ်ပေးမယ်

ယာဂုကျိုသည့်တဲမှ အငွေ့များထွက်လာပြီး ဆန်၏မွှေးရနံ့က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

ချူရန်က လူအုပ်ကို တဲ‌‌ရှေ့တွင် ရပ်နေစေကာ သူကလည်း မတ်တပ်ရပ်ရင်း တခုခုကို တွေးတောနေသည်။ အေးစက်စွာ တိုက်ခတ်နေသော လေပြင်းက ထမင်းပူပူ၏အငွေ့အသက်ကို သယ်ဆောင်လာသည်။ လူတစ်ယောက်က ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာပါစေ သဘာဝကို ဆန့်ကျင်ဖို့တော့ ခက်ခဲပါတယ်။ ဆာလောင်မွတ်တဲ့ ခံစားချက်က သူတို့ကို မငြိမ်မသက်ဖြစ်စေသည်။

နောက်ဆုံးတော့ သူတို့ တွေ့ချင်နေတဲ့သူက ရောက်လာခဲ့သည်။

"တချို့လူတွေက ဒီနေရာကို အပန်းဖြေဖို့နေရာလို့ ထင်နေကြတယ်" ချူရန်က ရယ်မောလိုက်ပြီး ဟော်တူ၏ ညာဘက်ခြေထောက်ကို စိုက်ကြည့်ပြီးနောက် ဟော်တူနောက်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်များပေါ်လာပြီး "မင်းက စစ်သည်တစ်ယောက်တောင် မခေါ်လာဘူးပေါ့၊ မင်းကို သတ်မှာကို မကြောက်ဘူးလား"

လဲ့ကျစ်၏ မျက်လုံးများက ချက်ချင်း အေးစက်သွားသည်။

ဒါပေမယ့် ဟော်တူက လုံးဝ စိတ်မ၀င်စားဘူး။ သူက မထီမဲ့မြင်ပြုကာ ပြုံးနေပြီး ချူရန်ကို ကြည့်ကာ "ခင်ဗျား တစ်‌ယောက်ထဲနဲ့လား?"

သူတို့၏အမူအရာများက အလွန်ဆင်တူနေပြီး သူတို့၏တူညီသော လေသံများက လဲ့ကျစ်၏နှလုံးသားထဲတွင် သက်ပြင်းချစေသည်။

ဆိုရိုးစကားအတိုင်း၊ တူလေးက ဦးလေးနှင့် တူသည်ဆိုတာက အမှန်ပင် ဖြစ်နေသည်။

ချူရန်က ခဏတာ အံ့အားသင့်သွားပြီး ဟော်တူက သူ့ကို ပြောသော ပထမဆုံးစကားမှာ ထိုစကားဖြစ်နေမည်ဟု မမျှော်လင့်ထားပေ။

ဒါပေမယ့် မကြာခင်မှာပဲ သူက ထပ်ပြောလာသည်။ "ဟော်ချန်ယွင်ရဲ့သားက မျှော်လင့်ထားတဲ့အတိုင်းပါပဲလား၊ အကြံအစည်ကောင်းတွေနဲ့ နည်းဗျူဟာကောင်းတွေ ရှိနေတာပဲ"

ခေတ္တနားပြီးနောက် သူက "ဝူကျစ်ယွမ်ကို သတ်ပြီး ဒီလိုတွေလုပ်လိုက်ရင် ဟော်ချန်ယွင်အတွက် လူတွေရဲ့နှလုံးသားကို ဝယ်ပေးနိုင်မယ်လို့ မင်း ထင်နေတာလား"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now