CH- 10

1.9K 198 5
                                    

အခန်း ၁၀ ရိုးသားမှု

"ထိုက်ဇီဖေး၊ အရှင့်သားက ညစာစားပြီးလို့ စာကြည့်ဆောင်ကို သွားပါတယ်"

အစေခံက အရမ်းကို လေးလေးစားစားနဲ့ ယဉ်ကျေးနေခဲ့သည်။ သူမက လမ်းညွှန်ပေးရုံမျှမကဘဲ လမ်းသွားလမ်းလာအတွက် ရှေ့မှ မီးခွက်ကို ကိုင်ကာ တွေးတောဆင်ခြင်ကာ လမ်းပြပေးခဲ့သည်။ သူမ ခြေထောက်ကို ဂရုပြုဖို့ နှိမ့်ချသော အသံဖြင့်ပင် အခါအားလျော်စွာ သတိပေးနေသည်။

စင်္ကြံနှစ်ဖြတ်လောက်ကို ဖြည်းညှင်းစွာလျှောက်လာရင်း နောက်ဆုံးတွင် လဲ့ကျစ်သည် မရင်းနှီးသောထိုက်ဇီ စံအိမ်ကြီးကို အနီးကပ်ကြည့်နိုင်ခဲ့သည်။

မင်္ဂလာပွဲကြောင့် စံအိမ်၏တံစက်မြိတ်ပေါ်တွင် အနီရောင်တောက်တောက် မီးပုံးများဖြင့် ချိတ်ဆွဲအလှဆင်ထားဆဲဖြစ်ပြီး အိမ်တော်ကြီးက ပျော်ရွှင်မှုများစွာ ပေးစွမ်းနိုင်နေသည်။ အရှေ့နန်းတော်ကဲ့သို့ပင် ဤနေရာသည် အလွန်ကြီးမားသော်လည်း အစေခံများနှင့် ကျွန်များ မရှိဘဲ လူသူကင်းမဲ့နေသည်။

သူမအထင် ဟော်တူက အေးစက်ပြီး အထီးကျန်ဆန်စေသလိုပါပဲ။ သူနဲ့ ဆက်ဆံတဲ့အခါ သူ့ပတ်ဝန်းကျင်မှာ မမြင်နိုင်တဲ့ အတားအဆီးတစ်ခု ရှိနေသလိုပဲ ဖြစ်နေပြီး သူ့ကို ကမ္ဘာပေါ်က အရာအားလုံးနဲ့ ခွဲထုတ်ထားသလို ဖြစ်နေသည်။

ဟော်ရှက သူမကို ချီတိုင်းပြည်သို့ ပြန်လည်ခေါ်ဆောင်လာပြီးနောက် သူမ၏မူလအစီအစဉ်မှာ ဟော်ရှနှင့် ခေါင်းအုံးအတူအုံး ဆွေးနွေးပြီး နေအိမ်အကျယ်ချုပ်ကျခံနေရသော အစ်မဖြစ်သူကို ကယ်တင်ခွင့်ရရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ယခု သူမတွင် ဟော်ရှ တခါမှ မပိုင်ဆိုင်ဖူးသော ဤခန္ဓာကိုယ်မှလွဲ၍ ဘာမှမရှိတော့ကြောင်း လဲ့ကျစ်က ကောင်းကောင်းသိသည်။

ဟော်ရှက သူမကို တောင့်တခဲ့တယ် မဟုတ်လား ?

အဆုံးစွန်ထိ သူမအစ်မကို မကယ်တင်နိုင်ခဲ့ဘူးဆိုရင်တောင် သူမက ဟော်ရှနဲ့ အတူ သေဖို့ သူမကိုယ်သူမ ငါးစာအဖြစ် အသုံးချနိုင်သည်။ ကြီးမြတ်သောလီပြည်ထောင်၏ တော်ဝင်မိသားစုသည် သေခြင်းကို ဘယ်သောအခါမှ မကြောက်ခဲ့ပေ။ သူမ တကယ်သာ ဒီနေရာကို ရောက်သွားခဲ့ရင် သူမအစ်မက သူ့ကိုယ်သူ သတ်သေဖို့ နည်းလမ်းရှာမယ်လို့ သူမယုံကြည်ခဲ့ပြီး သူတို့နှစ်ယောက် မြေအောက်ကမ္ဘာမှာ ပြန်ဆုံတွေ့ကြလိမ့်မည်ပင်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now