CH- 3

2.3K 220 1
                                    

အခန်း ၃ အာဏာထူထောင်ခြင်း

ချီတိုင်းပြည်၏ဧကရီက ဟူကော် ဘုရားကျောင်းတွင် ကောင်းကြီးမင်္ဂလာအတွက် ဆုတောင်းနေပြီး မနက်ဖြန်မှ နန်းတော်သို့ပြန်လာမည်ဖြစ်သည်။ ဧကရီမယ်တော်ကြီးက သူမ၏နာတာရှည်ရောဂါကြောင့် အိပ်ရာပေါ်တွင် လဲလျောင်းနေလေ့ရှိပြီး အခုအချိန်တွင် လူအများအား အရိုအသေပေးခွင့်မပြုသည်မှာ ကြာလှပြီဖြစ်သည်။ ထို့ကြောင့် ယနေ့သည် အားလပ်ရက်ဖြစ်သည်။

လဲ့ကျစ်သည် ထူထဲသော လိမ္မော်ရောင်ဖျော့ဖျော့စကတ်ကို ၀တ်ထားပြီး လီယောင်က သူမကို လက်နွေးမီးဖိုတစ်ခုပေးထားသည်။ သူမ လက်နွေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပူနွေးလာသည်ကို ခံစားလိုက်ရသည်။

အိပ်ခန်းထဲမှာ ဘာလို့ အပူပေးမီးဖို မထည့်တာလဲဟု ဟော်တူကို သူမ မမေးရဲပါပေ။ သူ မအေးဘူးလား? မဟုတ်သေးဘူး။ သိသာတာက သူ့လက်ဖဝါးက အေးစက်နေတာလေ သူ ဘယ်လိုမှ မအေးပဲ မနေဘူး။

ဒါပေမယ့် ဟော်တူ၏ ပင်ကိုစရိုက်နဲ့ စိတ်နေစိတ်ထားသည် အလွန်ထူးဆန်းသည်၊ တတ်နိုင်သမျှ ပြဿနာကို ရှောင်ရှားနေလိုက်တာက ပိုကောင်းတယ်ဟုသာ သူမ တွေးလိုက်တော့သည်။

ထမင်းစားခန်းသို့ရောက်ပြီးနောက် လဲ့ကျစ်သည် မအံသြဘဲ မနေနိုင်တော့ပေ။ ဒီမှာ ဘာလို့ အပူငွေ့နည်းနည်းလေးပဲရှိတာလဲ။ ထမင်းစား စားပွဲပေါ်မှာ ပန်းကန်တစ်ချပ်ပဲ ရှိနေတယ်... အရွက်တွေလား???

အေးစက်သောလေက ထမင်းစားခန်းအပြင်ဘက်မှ တိုးဝင်လာရာ အအေးဓာတ်က လဲ့ကျစ်၏ တစ်ကိုယ်လုံးကို ရိုက်ခတ်သွားသည်။

"ဒီအစေခံက ထိုက်ဇီဖေးကို လေးစားစွာ အရိုအသေပေးပါတယ်"

လဲ့ကျစ် လှည့်ကြည့်လိုက်တော့ နန်းတော်မှ မော့မော့အိုတစ်ယောက်ကို တွေ့လိုက် ရပြီး နန်းတော်အစေအပါးလေးများလည်း ရှိနေသည်။ လဲ့ကျစ်က သူတို့၏ နှုတ်ခွန်းဆက်စကားများကို ခေါင်းငုံ တုံ့ပြန်ကာ "မင်းက ဘယ်သူလဲ"

လီမော့မော့က ပထမတော့ အံ့အားသင့်သွားသည်။ သူမက ယခင်က သူမအကြောင်းကို စုံစမ်းမေးမြန်းရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သော်လည်း၊ သူမသည် ဤမျှလောက် လှပပြီး ပြိုးပြိုးပြက်ပြက်ဖြစ်နေသော ကျောက်စိမ်းနှင့်တူလောက်အောင် လှပသော အသွင်အပြင်များဖြင့် ထွင်းထုထားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ထိုလူသည် ပန်းများထက်ပင် ပို၍ ချစ်စရာကောင်းနေသည်။

ရန်သူ့အိမ်ရှေ့စံजहाँ कहानियाँ रहती हैं। अभी खोजें