CH- 46

1.5K 147 4
                                    

အခန်း ၄၆ အနမ်း

ဟော်တူက မဖြေဘူး။

လဲ့ကျစ်က သူ့ကို လေးလေးနက်နက် ကြည့်လိုက်ရာ သူ၏ နက်နဲသော မျက်လုံးများက သူမမျက်နှာကို အာရုံစိုက်နေမှန်း သိလိုက်ရသည်။ သူမက စိတ်ထဲမှ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ဒီလိုတုံ့ပြန်မှုမျိုးက သူမကို ဝင်ခွင့်မပေးဘူးလို့ ဆိုလိုနေတာ မဟုတ်ဘူးလား။

တံခါးပေါ်ရှိ လက်ကို အနည်းငယ်အားစိုက် တွန်းလိုက်ရုံနဲ့ စာဖတ်ခန်းတံခါးက ခပ်ကျယ်ကျယ် ပွင့်သွားသည်။ လဲ့ကျစ်က အခန်းထဲသို့ ဝင်လာပြီး တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ တစ်ဖန် လှည့်ကြည့်လိုက်တော့ ဟော်တူက ခေါင်းကို ပြန်လှည့်သွားပြီး ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်နေတာကို တွေ့လိုက်ရသည်... အခုန သူမကို ကြည့်ဖို့ လှည့်လာတာ သူမဟုတ်တဲ့ အတိုင်းပါပဲ။

လဲ့ကျစ်က သူမလက်ထဲတွင် မဟော်ဂနီသေတ္တာကို ကိုင်ထားပြီး အင်္ကျီလက်ဝကျယ်ထဲတွင် စနစ်တကျ ဝှက်ထားသည်။ သူမက ခြေသံကို ပေါ့ပါးစေကာ နူးညံပျော့ပျောင်းသောထိုင်ခုံကို ယူကာ ဟော်တူ၏နံဘေးသို့ လျှောက်သွားခဲ့သည်။ သူမက အပေါ်ရုံအင်္ကျီကို ချွတ်လိုက်ပြီး သူ့ဘေးအနားတွင် ဖြည်းညှင်းစွာ ထိုင်လိုက်သည်။

သူမသည် ဟော်တူ၏အကြည့်နောက်သို့လိုက်ကာ ပြတင်းပေါက်မှတဆင့် အပြင်ဘက်ကို သူနှင့်အတူ လိုက်ကြည့်နေသည်။

ကောင်းကင်က ကြည်လင်နေပြီး နေရောင်က ရွှေအဆင်းကဲ့သို့ တောက်ပနေသည်။ လာဘပွဲတော်တွင် ရာသီဥတုက ပြင်းထန်စွာ အေးနေသော်လည်း တိုက်ခတ်လာသော လေနုအေးလေးထဲတွင် နွေးထွေးမှု အနည်းငယ်ရှိနေသည်။

ခဏအကြာတွင် လဲ့ကျစ်က အပြင်ဘက်မှ အကြည့်ကို ပြန်လွှဲလိုက်ပြီး ဟော်တူ၏ မျက်နှာကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး အေးစက်နေတာမှ သူ့မေးရိုးထဲအထိ အေးစက်နေပုံပေါ်နေသည်။

သူမက အသံကို လျှော့လိုက်ပြီး သွေးတိုးစမ်းသည့်အနေဖြင့် မေးလိုက်သည်။ "ကျွန်မ စကားပြောလို့ရမလား၊ အရှင့်သားက စိတ်ရှုပ်စရာရှိရင် ကျွန်မကို စကားမပြောတော့ဘူး"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now