CH- 99 (Extra-3) (Final)

2.4K 205 13
                                    

အခန်း ၉၉ (ချပ်ပို ၃-ဇာတ်သိမ်း) ထာဝရချိုမြိန်မှုလေး

နွေရာသီဖြစ်တာကြောင့် အိပ်ခန်းထဲတွင် အမွှေးနံသာများကို မီးမရှို့ဘဲ စံပယ်ပန်းပင် အနည်းငယ်သာ ထားရှိခဲ့သည်။ ထိုကြောင့် အတွင်းခန်းထဲမှာ ဆွဲဆောင်မှုရှိတဲ့ စံပယ်ရနံ့က ပျံနှံနေသည်။

မွှေးရနံ့များဖြင့် ဝန်းရံထားပြီး နူးညံ့သောကုတင်ပေါ်တွင် နှစ်ယောက်သား ပွေ့ဖက်ကာ အိပ်ပျော်သွားကြသည်။

အချိန်အတော်ကြာပြီးနောက် ဟော်တူက နိုးလာသည်။ နွေရာသီဆိုပေမဲ့ အခန်းက မအေးသော်လည်း သူက တစ်ဖက်မှာတင်ထားတဲ့ ညဝတ်အင်္ကျီကို လှမ်းယူပြီး သူ့ဘေးနားကလူကို သေသေချာချာ ဝတ်ပေးလိုက်သည်။

ခါးစည်းကြိုးကို ချည်ပေးပြီး မော့ကြည့်လိုက်တော့ လဲ့ကျစ်က သူ့ကို ငြိမ်သက်စွာ ကြည့်နေတာကို တွေ့လိုက်ရသည်။

ဟော်တူက သူမအတွက် ဘောင်းဘီဝတ်ပေးမည့်လက်ကို ခေတ္တရပ်လိုက်ပြီး "နောက်ထပ်လိုချင်သေးတာလား?"

လဲ့ကျစ်က တစ်ကိုယ်လုံး ကျိုးကြေသွားပုံရပြီး တစ်ကိုယ်လုံး နေရာတိုင်း နာကျင်နေပုံရသည်။ သူ့စကားတွေကို ကြားလိုက်မှ သူမရဲ့ အဓိပ္ပါယ်မဲ့ အပြုအမူတွေကို ပြန်သတိရသွားပြီး သူမရဲ့ မျက်နှာက ချက်ချင်း နီရဲလာကာ စောင်ပါးပါးလေးထဲမှာ ကိုယ့်ကိုယ်ကို မြှုပ်နှံဖို့ ကြိုးစားရင်း ဘောလုံးလေးလို ကွေးနေတော့သည်။

"မလိုချင်တော့ဘူး..." အသံက တိုးတိုးလေး ထွက်လာသည်။

ဟော်တူက ပြုံးပြီး စောင်ကို ဆွဲချကာ ခေါင်းကို ထုတ်ပေးလိုက်သည်။ ခုနက သူမ သူ့ကို နှိုးဆော်ခဲ့တာ အမှန်ပါပဲ၊ ဒါပေမယ့် နောက်ပိုင်းမှာ ထိန်းချုပ်မှု ဆုံးရှုံးသွားတာက သူပါ။ ပင်ပန်းနွမ်းနယ်နေသော သူမမျက်နှာကို မြင်လိုက်ရတော့ သူ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

"ပြန်အိပ်တော့"

သူက သူမခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး တစ်ဖက်က အပေါ်ရုံကို ယူဝတ်ကာ သူမအတွက် စားစရာချက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် သူ မတ်တပ်ရပ်လိုက်တာနဲ့ တပြိုင်နက် သူ့ဘေးလူက လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တာကြောင့် နောက်ပြန်ဆုတ်လိုက်ရသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now