CH- 7

1.9K 214 3
                                    

အခန်း ၇ ဆုံးရှုံးလား???

အရှေ့ဘက်နန်းတော်သည် ရိလယ်ခန်းမနှင့် မဝေးသောကြောင့် ဟော်တူက ဝေါယဥ်ကို အသုံးပြုရန် ရည်ရွယ်ချက်မရှိကြောင်း လဲ့ကျစ်က နားလည်လိုက်ပြီး သူ လမ်းလျှောက်တော့မည်ဟု သူမ သိလိုက်သည်။

နေဝင်ရီတရောအချိန်တွင် နန်းတော်လမ်းနှစ်ဘက်ရှိ မီးများ ထွန်းညှိထားသည်။

နှစ်ယောက်သား ဘေးချင်းယှဥ်ပြီး တစ်လှမ်းချင်းလျောက်လာနေကြသည်။ အစေခံတစ်စုက သူတို့နှင့် ခြေလှမ်းအနည်းငယ်သာဝေးသော အနေအထားဖြင့် အနောက်မှ လိုက်ပါသွားကြသည်။ ဟော်တူက တုတ်ကောက်ပေါ်တွင် မှီခိုနေသော်လည်း သူ့နောက်ကျောက ဖြောင့်တန်းနေကာ အေးအေးဆေးဆေး လမ်းလျှောက်နေသည်။ လဲ့ကျစ်က သူ့ဘေးမှာ ရပ်လိုက်ပြီး သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ဟိုးအဝေးက ဟော်ရှရဲ့ရုပ်သွင်ကို မတွေ့ခင်အထိ သူတို့နှစ်ယောက်လုံး စကားမပြောဖြစ်ကြဘူး။

ဟော်ရှသည် ယနေ့တွင် စိမ်းပြာရောင်လည်ဝိုင်း၀တ်စုံနှင့် ချည်သားအပေါ်ရုံအင်္ကျီကို ၀တ်ထားသည်။ သူ့ဘေးမှာ ခုန်ပေါက်နေတဲ့ ကလေးမလေးတစ်ယောက်လည်း ရှိနေသည်။ "အစ်ကို အားရှ၊ အစ်ကိုက ကျွန်မအတွက် ငြိမ်းချမ်းရေး အဆောင်ကို တောင်းပေးဖို့ သဘောတူထားတယ်နော်!"

ကလေးမလေးသည် အဝါရောင်တောက်တေက်သော နန်းတွင်းဝတ်စုံကို ၀တ်ဆင်ထားပြီး၊ သူမ၏ ငွေရောင်ခေါင်းလောင်းနှင့်တူသော အသံသည် တိတ်ဆိတ်သော နန်းတော်လမ်းမတွင် အထူးရှင်းလင်းနေသည်။ ဟော်ရှသည် သူတို့ကိုလည်း မြင်ပြီး မသိစိတ်မှ ရပ်တန့်သွားကာ သူ့မျက်လုံးများက လဲ့ကျစ်ကို မကြည့်ပဲ မနေနိုင်ပေ။

ဟော်တူက အဲ့ဒါကိုမြင်ပြီးနောက် သူ့ရင်ထဲတွင် ရွှင်မြူးသွားသလို ခံစားလိုက်ရသည်။ သူက ဘေးကိုကြည့်ကာ ယခုအချိန်တွင်ဖြစ်နေမည့် လဲ့ကျစ်၏ အမူအရာကို မြင်ချင်နေခဲ့သည်။ သူမ အံ့သြနေမှာလား...??? ဝမ်းနည်းနေမှာလား??? သို့မဟုတ် ဒေါသထွက်နေမှာလား????

ကံမကောင်းစွာနဲ့ပဲ တစ်ခုမှ မဟုတ်ဘူး။

သူမက အဝေးကလူနှစ်ယောက်ကိုတောင် မမြင်မိဘူး။ သူမက မျက်နှာပေါ်တွင် အပြုံးလေးဖြင့် သူ့ကို ကြည့်ရင်း သူမလက်ထဲရှိ လက်နွေးကို သူ့လက်ထဲသို့ထည့်ပေးနေသည်။ "အပြင်မထွက်ခင် အကျီထူထူဝတ်ဖို့ အရှင့်သားကို ကျွန်မ ပြောခဲ့တယ်၊ ဒါပေမယ့် အရှင့်သားက နားမထောင်ဘူး၊ အခု အေးနေပြီမှတ်လား"

ရန်သူ့အိမ်ရှေ့စံNơi câu chuyện tồn tại. Hãy khám phá bây giờ