CH- 80

1.2K 135 2
                                    

အခန်း ၈၀ အလောသုံးဆယ်

ကြယ်တွေ မရှိ... လ မရှိ... အရာအားလုံးက တိတ်ဆိတ်နေသည်။

ချူရန်က မီးရှူးတိုင်များကိုင်ဆောင်ထားသည့် မျိုးနွယ်စုမှ လူများနှင့်အတူ စီရင်စုအိမ်တော်တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် အစိမ်းရင့်ရောင် အပေါ်ဝတ်ရုံ ဝတ်ဆင်ထားသည့် ဟော်တူက ခြံရှေ့တွင် ရပ်နေကာ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဒီည သူတို့ရဲ့တိုက်ခိုက်မှုကို ဟိုးအရင်ကတည်းက မျှော်လင့်ထားပုံရသည်။

သူ့ဘေးမှာ စစ်သည်အနည်းငယ်သာ ရှိသည်မှာ သိသာနေသော်လည်း သူ၏ တည်ငြိမ်သော အသွင်အပြင်က သူ့ကို မြင်သော လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ချူရန်က ရုတ်တရက် ရယ်မောလိုက်သည်။

ဒီကလေးက မာနကြီးလွန်းနေတယ်.. မဟုတ်လား???

"ဟော်တူ၊ ငါ မင်းကို ဟိုးအရင်တည်းက ပြောတယ်၊ ကျားကို မွေးမြူတာ ဘေးအန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရင်းပဲ" ချူရန်က ပြုံးပြနေပြီး သူ့အပြုံးက သူ့မျက်လုံးအောက်ခြေအထိ ရောက်နေသည်။ ထိုနောက် သူက တလုံးချင်း ပြောလိုက်သည်။ "ဒါဆို ဒီနေ့ မင်း တောင်းဆိုတာနော်"

ဟော်တူက နှုတ်ခမ်းကို တွန့်ပြီး "တကယ်လား?"

ခဏတာ ခေတ္တရပ်ပြီးနောက်၊ သူမျက်လုံးက မော့လာကာ သူ့မျက်လုံးထဲတွင် ရန်လိုမှုနှင့် သရော်လှောင်ပြောင်မှု အနည်းငယ် ရှိနေသည်။ ထို့နောက် သူ နောက်ဆုံးအကြိမ် ချူရန်ကို ပြောခဲ့သောစကားကိုသာ ထပ်ပြောလိုက်သည်။ "ခင်ဗျား တစ်ယောက်ထဲနဲ့လား"

ချူရန်က သူ့ညီမငယ်နှင့်တူသော ကောင်လေး၏မျက်နှာကို ကြည့်လိုက်သော်လည်း ထိုမျက်နှာတွင် မောက်မာသော အမူအရာ ရှိနေသည်။

ဟော်ချန်ယွင်နဲ့ အရမ်းတူတယ်။

သူက အေးစက်နေသော ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးပြလိုက်သည်။

မြို့ကို ပိတ်ဆို့ခြင်း၊ အိမ်တော်ကို ဝိုင်းရံခြင်း၊ ဓားသမားများနှင့် တိုက်ပွဲများ... လဲ့ကျစ်၏ အိပ်မက်ဆိုးများတွင် ထိုမြင်ကွင်းများနဖြင့် ပြည့်နှက်နေသော်လည်း ၎င်းတို့ကို အတိအကျ ပေါင်းစပ်နိုင်ခြင်း မရှိပေ။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now