CH- 37.2

1.6K 152 10
                                    

အခန်း ၃၇ မကျေနပ်မှုများ ( အပိုင်း ၂)

ထိုအသံကိုကြားတော့ လဲ့ကျစ်က မှင်သက်နေသော အမူအရာနဲ့ ခေါင်းကို မြှောက်လိုက်ပေမယ့် သူမမျက်တောင်များမှ မျက်ရည်တွေက စီးကျနေဆဲပင်။

ဟော်တူက သူမအနားသို့ တိုးကပ်လာပြီး သူမနဖူးကို ဖိကာ "ဒါ့အပြင် ချီတိုင်းပြည်က ဟော်မျိုးနွယ်တွေရဲ့လျှို့ဝှက်ချက်ကို ကိုယ် ပြောပြမယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။

"ဟော်မျိုးနွယ်ရဲ့သားမြေးတွေအတွက် ဇနီးသည် ဒါမှမဟုတ် ခင်ပွန်း တစ်ယောက်ယောက်နဲ့ လက်ထပ်ပြီးရင် သူတို့ရဲ့ ကံကြမ္မာက တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်သွားလိမ့်မယ်။ ကိုယ်တို့က တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေကို လွှဲပြောင်းပေးနိုင်သလို ကိုယ်တို့ရဲ့ ကောင်းချီးတွေကိုလည်း အချင်းချင်း လွှဲပြောင်းပေးနိုင်တယ်"

မျက်​လုံး​လေး​လုံး​ဆုံ​သွား​ပြီး နှစ်​ယောက်​သား တစ်ယောက်​မျက်​လုံးထဲမှာ တစ်ယောက်​သာ​ရှိတော့​သည်။ ဟော်တူက "ဒါဆို မင်း ဒီနေ့သတ်ခဲ့တဲ့ လူငါးယောက်လုံးကို ကိုယ့်ဆီ လွှဲပေးလို့ရတယ်"

ဘာပဲဖြစ်ဖြစ် မင်း ကြောက်တဲ့အရာတွေကို ကိုယ် လက်ခံပေးမယ်။

စကားဆုံးတာနဲ့ သူက ပြန်ထပြီး သူမနဲ့ ခပ်ခွာခွာနေလိုက်သည်။

လဲ့ကျစ်က မယုံသင်္ကာဖြစ်နေကာ သူမနဖူးကိုသူမ အနည်းငယ် ပြန်ထိလိုက်သည်- "အဲ့ဒါ အမှန်လား?"

ဟော်တူက မျက်ခုံးပင့်လိုက်သည်။

သေချာတာပေါ့... အဲဒါက အတုလေ...

"မယုံဘူးလား?" သူက ပေါ့ပေါ့ပါးပါး ပြောနေပြီး သူမနဖူးကို လှမ်းထိဖို့ ပြန်ငုံလိုက်သည်၊ "ကောင်းပြီ၊ မယုံရင် ပြန်ယူလေ"

ဒါကိုမြင်တော့ လဲ့ကျစ်က အဲ့ဒါကို လုံးဝ ယုံကြည်သွားသည်။ သူမက ရှောင်လိုက်ပြီး "မယူဘူး..."

ဒါပေမယ့် အဲဒါကို ခနလောက် တွေးပြီးတော့ သူမက နည်းနည်းလေး စိတ်ပူသွားပြီး "အဲ့တာက အရှင့်သားဆီရောက်လာရင်... အရှင့်သားက .... မသွားချင်ဘူးလား..."

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now