CH- 34

1.5K 160 1
                                    

အခန်း ၃၄ စိတ်သက်သာပြီ

မွန်းတည့်နေပေမယ့် ကောင်းကင်က စိတ်ပျက်ဖွယ်အုံ့မှိုင်းနေသည်။

လဲ့ကျစ်က ပင်မခန်းမအပြင်ဘက်သို့ အမြန်လျှောက်သွားခဲ့သည်။ အန်းရွှယ်က တံခါးရှေ့မှာရပ်နေပြီး "ထိုက်ဇီဖေး၊ ဒီလက်အောက်ငယ်သားက လီယောင်ကို ရန်စံအိမ်နဲ့ တစ်မိုင်အကွာကနေ ကြားဖြတ်ပြီး ပြန်ခေါ်လာခဲ့တယ်။ ထိုက်ဇီဖေးရဲ့အစေခံကတော့ ထိုက်ဇီဖေးရဲ့အစေခံဖြစ်သင့်ပါပေတယ်"

"ကောင်းပြီး။ သူရဲကောင်းအန်း၊ ရှင် အရင်ဆုံး ထွက်သွားနိုင်တယ်"

အန်းရွှယ်က ခေါင်းညိတ်ပြပြီး ခန်းမအပြင်ဘက်သို့ အစေခံအဖွဲ့တစ်ဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။

လေက ပြင်းထန်စွာ တိုက်ခတ်လာပြီး အေးမြသောလေသည် ခန်းမထဲသို့ ဝင်ရောက်လာကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော လီယောင်၏ကျောကို ပွတ်တိုက်သွားသည်။ လဲ့ကျစ်က တုန်ရီနေသော သူမ၏ ပိန်ပိန်သွယ်သွယ် နောက်ကျောကို စိုက်ကြည့်နေသည်။ သူမက နှလုံးသားထဲမှ ခါးသီးမှုတွေကို မျိုသိပ်ရင်း ပင်မခန်းမထဲကို လှမ်းဝင်လိုက်ပြီး ခန်းမအလယ်က လက်တင်ကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။

ခဏလောက်တော့ သခင်ရော ကျွန်ပါ စကားမပြောဖြစ်ကြဘူး။

လေထုက စိတ်ပျက်စရာ ဖြစ်နေတာကြောင့် လီယောင်လည်း သည်းမခံနိုင်တော့ဘဲ နီမြန်းသောမျက်လုံးများကို ပင့်တင်ကာ "သခင်မ၊ ကျွန်မ" ဟူသော စကားနှစ်လုံးတည်းဖြင့် သူမ၏အသံမှာ ရှိုက်ဝင်နေပြီဖြစ်သည်။

"မင်း ဘယ်မှာမှားခဲ့တာလဲ သိလား"

အေးစက်သောလေသံက လီယောင်၏နားထဲသို့ရောက်ရှိသွားသောအခါ သူမ၏နှလုံးက အေးခဲသွားပြီး "ဒီအစေခံက မှားခဲ့ပါတယ်၊ သခင်မရဲ့ခွင့်ပြုချက် မရှိဘဲ ဒီအစေခံက ဆုံးဖြတ်ချက် မချသင့်ပါဘူး... ဒါပေမယ့် သခင်မ၊ ကျေးဇူးပြုပြီး ဒီအစေခံကို ယုံကြည်ပါ။ ဒီအစေခံက ရန်ဟမ့်ရဲ့အသက်ကို သတ်မှာ သေချာပါတယ်"

လီယောင်က သူမသခင်မu အလွန်အမင်း တွေးခေါ်တတ်ကြောင်းကို သိပြီး သူမအတွက် မကောင်းမှုတစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်နေသည်ဟု တွေးလိုက်မိသည်။ ဒါပေမယ့် သူမ ကောင်းကောင်းလုပ်နိုင်တာကတော့ သေချာသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now