CH- 23

1.7K 179 2
                                    

အခန်း ၂၃ ပျော်ရွှင်မှု

သူမကို နွေးထွေးမှုဖြင့် ဝန်းရံထားသည်ဟု ခံစားလိုက်ရသဖြင့် လဲ့ကျစ်က သူမ၏ မျက်လုံးများကို အနည်းငယ် မော့ကြည့်လိုက်ရာ မနီးမဝေးတွင် အပူပေးမီးဖိုနှစ်လုံး ချထားသည်ကို တွေ့လိုက်ရသည်။

ဘာတွေဖြစ်နေတာလဲ? ဤဆေးကုသခန်းတွင် အပူပေးမီးဖို မရှိသည်ကို သူမ သတိရမိသည်။

သို့သော် လဲ့ကျစ်က ဤအခိုက်အတန့်များကို တွေးတောရန် စိတ်မ၀င်စားနိုင်တော့ပေ။ မနေ့ညက ဆုတ်ခွာခြင်းအားလုံးကို ဖြတ်တောက်ရန် ရှိနေခဲ့သော သတ္တိများက ပျောက်ကွယ်သွားခဲ့သည်။ သူမ မသေသေးတဲ့အတွက် သဘာဝအတိုင်း သူမက ဟော်တူကို ရဲရဲဝံ့ဝံ့ မစော်ကားရဲတော့ဘူး။

ရင်ခုန်နေသော လဲ့ကျစ်က အသက်ပြင်းပြင်းရှူပြီးနောက် သတိဖြင့် ခေါင်းကို မော့လိုက်သည်။ သူမ၏မြေခွေးမျက်လုံးများက ဟော်တူကို သံသယစိတ်ဖြင့် ကြည့်လိုက်ရာ သူ့မျက်နှာတွင် ဘာအမူအရာမှ မရှိသည်ကို တွေ့လိုက်ရသည်။ လဲ့ကျစ်က သူ့စိတ်နေစိတ်ထားကို ပိုင်းခြားနိုင်စွမ်းမရှိတာကြောင့် သူမ စဉ်းစားမိလိုက်တာက...

အနည်းဆုံးတော့ တောင်းပန်ရမယ် မဟုတ်လား.....

နောက်ဆုံးတော့ သူမက သူ့အတွက် တွင်းတစ်တွင်းတူးခဲ့တာလေ...

လဲ့ကျစ်က တိုးတိုးလေးနဲ့ နူးနူးညံညံ ပြောလိုက်သည်။ "တောင်းပန်ပါတယ်..."

သူမရဲ့ အသံနေ အသံထားက နာခံမှုအပြည့်ဖြစ်နေပြီး စကားလုံးများက ရိုးသားနေသည်။

ဟော်တူက သူ့မျက်ခွံများကို ပင့်လိုက်ပြီး မနေ့ညကနှင့် လုံးဝခြားနားနေပုံရပြီးသော လဲ့ကျစ်၏အသွင်အပြင်ကို စိုက်ကြည့်နေရင်း ကြည့်နူးမှုကို မခံစားရပေ။

ဒီကောင်မလေးမှာ မျက်နှာဘယ်နှစ်ဖက်ရှိတာလဲ၊ ဒါမှမဟုတ် တစ်နည်းပြောရရင် မျက်နှာဖုံးဘယ်နှစ်ခုလောက် တပ်ထားတာလဲ။ ဟော်တူက အံ့သြသွားသည်။ သူမရဲ့တကယ့်အစစ်အမှန်က ဘယ်လိုပုံစံလဲ။

အခန်းတွင်းရှိ နွေးထွေးမှုက ဟော်တူကို စိတ်မသက်မသာဖြစ်စေသည်။ သူက စိတ်မရှည်စွာ မျက်မှောင်ကြုတ်ထားပြီး ဘီးတပ်ကုလားထိုင်ဘေးမှ တုတ်ကောက်ကို စိတ်အလိုအလျောက် ကောက်ကိုင်ကာ ဖြည်းညှင်းစွာ လမ်းလျှောက်နေသည်။ နောက်ဆုံးတွင် သူက နူးညံသော ကုတင်ပေါ်သို့ ထိုင်လိုက်သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now