My Thought

1.5K 152 42
                                    

တွေးမိ... တွေးရာ... ရေးမိ... ရေးရာ...

အင်း... ကျစ်ကျစ်တို့ ပြီးသွားပြီဆိုတော့ တချို့အတွေးလေးတွေ ဒါဒါလေးတွေကို ပြောပြချင်တာတွေ ရှိတယ်

ကိုယ်ရဲ့ Wattpad အကောင့်က စာဖတ်ဖို့ စတင်ခဲ့တာပါ။ ကိုယ်က Normal ရော BLရော ဖတ်တယ်...Translationတွေ အဖတ်များတယ်ပေါ့... 

အဲ့မှာ ပြသနာက ဘာလဲဆိုတော့ တန်းလန်းတွေပဲ ဇာတ်လမ်းလေးက ကောင်းနေပြီဆိုရင် update က မလာတော့ဘူး၊ ပြီးတော့ paid ဆိုရင်လဲ ကိုယ်က ဝယ်မဖတ်နိုင်ဘူးလေ(ဆင်းရဲလိုက်တဲ့ဘဝကြီး😜😜😜)။

 အဲ့တော့ E-trans; နဲ့ဖတ်ရတယ်။အဲ့မှာလဲ ပြသနာက E က အရမ်းကျွမ်းတာဆိုတော့ Dictionary ပြန်ကြည့်လိုက် ဖတ်လိုက် တော်တော်ကို အဆင်မပြေနေဘူး။ GG-Tran နဲ့ဖတ်တော့လဲ သိတဲ့အတိုင်း မျက်လုံးဆို တပည့်တို့ဘာတို့ ပြန်ပေးတာ သူက... 

အဲ့တာနဲ့ ကိုယ်ဘာသာ အကြမ်းဘာသာပြန်ပြီး ဖတ်ဖြစ်တယ်။ အဲ့လိုနဲ့ E-Trans; မှာ ရှီးရှီးတို့ကို Description တွေ့တော့ စိတ်ဝင်စားပြီး reviewsတွေဖတ်ကြည့်ရာကနေ ရှီးရှီးရဲ့ character ကို ကြိုက်လို့ ဘာသာပြန်ဖြစ်တယ်၊ဘာသာပြန်နေရင်း အဲ့တုန်းက ဘယ်သူမှ အဲ့စာအုပ်ကို တင်ထားတာ မတွေ့မိဘူးဆိုတော့ ကိုယ်လို့ ဝါသနာတူတွေ ဖတ်စေချင်တဲ့ စိတ်နဲ့ Wattpadမှာ စတင်မယ်လို့ စဥ်းစားလိုက်တယ်၊ ခုနောက်ပိုင်းမှ တခြားတစ်ယောက်တင်ထားတာတွေ့တယ်၊ ၂၀၂၂ဒီဇင်ဘာမှာ အပိုင်း၁၇လောက်နဲ့ updateရပ်နေတာဆိုတော့ အဲ့အချိန်လောက်က ကိုယ်က complete ဖြစ်ပြီးသား။ ဘယ်သူ အရင်တင်မှန်းမသိလို့ သွားမတောင်းပန်တော့ဘူး။ အဲ့တာထားလိုက်တော့ စတင်ဖြစ်တယ်ပေါ့။ 

အဲ့မှာ ပြသနာက စပြန်ရော... ကိုယ်ဘာသာ အကြမ်းဘာသာပြန်ပြီး ကိုယ်နားလည်သလို ဖတ်တုန်းကတော့ ဟုတ်နေတာပဲ... တကယ်တကယ်ဘာသာပြန်မှ မလွယ်တော့ဘူး... အဲ့တော့ GG-Tran လဲသုံး Dictionaryလဲ ပြေးကြည့်... စာပိုဒ်တွေ မခွဲတက်တာ ..စာတွေထောက်တာ ...တရုတ်နံမည်တွေ အခေါ်အဝေါ်တွေ မမှန်တာ... ပြောင်းကိုဆန်နေရော...ကိုယ့်ဘာသာစိတ်တွေပျက်... ဆက်မတင်တော့ဘူးလို့ကို စဥ်းစားမိတာ...

 ဒါပေမယ့်လဲ အဲ့ချာတူးလန်ကို အားပေးတဲ့ အချစ်ကလေးတွေ ရှိနေတာရယ်... တန်းလန်းမထားချင်ဘူးဆိုတဲ့ စိတ်ရယ်နဲ့ ဆက်ပြန်ဖြစ်တယ်..အဆင်ပြေတဲ့သူဖတ်.. မပြေတဲ့သူက Dropသွားမယ်ဆိုပြီး ရှေ့ဆက်ခဲ့တာ... ဂယက်ပေါင်းကတော့ တသိန်းတောင်ကျော်မယ်..ရှီးရှီးရဲ့ ပုံစံကလဲ တခြားFML တွေနဲ့မတူတော့ အပြောခံရ၊ အရေးအသားအဆင်မပြေလို့ အပြောခံရ၊ ဒါပေမယ့် ဒါပေမယ့်နော် ကိုယ် အရေးအသားဘယ်လောက်ညံညံ သည်းခံပြိး နားလည်အောင် ဖတ်ပေးနိုင်တဲ့ စာဖတ်စွမ်းရည်ရှိတဲ့ ဒါဒါလေးတွေလဲ အများကြီး... ပြီးတော့ နားမလည်တဲ့ အခေါ်အဝေါ်တွေကို သင်ပြပေးတဲ့ ဒါဒါလေးတွေလည်းရှိသေးတယ်...သူတို့တွေအကုန်လုံးက ကိုယ်အတွက်တော့ ချစ်ရပါသော... ကျေးဇူးတင်ရပါသောတွေပါပဲ...

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now