CH- 85

1.2K 124 8
                                    

အခန်း ၈၅ ကျီစယ်ခြင်း

"အင်း....အာ!"

လဲ့ကျစ်က ပျော်ရွှင်မှုတွင် နှစ်မြုပ်နေဆဲဖြစ်ပြီး သူမဘေးနားမှ လူ၏ စကားလုံးများတွင် အခြားအဓိပ္ပါယ်များကို ပါဝင်နေသည်ကို ချက်ချင်း မသိနိုင်ခဲ့ပေ။ ခဏကြာတော့မှ တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်ပြီး ဟော်တူ၏ လျစ်လျူရှုသောအမူအရာကို ကြည့်ရန် ခေါင်းကို ပြန်လှည့်လိုက်သောအခါ အနက်ရောင်မျက်လုံးများက လေးနက်သောအမူအရာဖြင့် သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူမ အဲ့အကြည့်ကို နားလည်လိုက်တာကြောင့် သူမ သူ့အနားကို ခပ်မြန်မြန် ​လျှောက်သွား​လိုက်​သည်​။

ဒါပေမယ့် သိသိသာသာကို အလုပ်မဖြစ်တော့ပါဘူး။ ဟော်တူက သူမမျက်နှာကို လှမ်းကိုင်လိုက်ပြီး ညင်သာစွာ ဆွဲလှည့်လိုက်သည်။

"မဆိုးဘူးဆိုရင် သူ့ကို နည်းနည်းလောက် ထပ်ကြည့်လေ"

ခေတ္တရပ်ပြီးနောက်၊ သူက ဝမ်းနည်းနေတဲ့ အမူအရာနဲ့ တိုးတိုးလေး ထပ်ပြောလာပြန်သည်။ "ကံမကောင်းစွာနဲ့ပဲ... သူက တခြားသူနဲ့ သက်ဆိုင်နေတယ်"

ဒီစကားလုံးတွေက ညဘက်မှာ တိုက်နေတဲ့ လေကိုတောင် ချဉ်တူးသွားစေတယ်။

လဲ့ကျစ်က သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်သည်။ သူမ၏ မျက်လုံးများနှင့် မျက်ခုံးများက တွန့်ကွေးနေပြီး ရွှင်မြူးနေသည်ကို မြင်လိုက်ရသဖြင့် ဟော်တူက သူ့လက်ကို ပြန်ချလိုက်ပြီး သူ့မျက်နှာက ပို၍ နက်မှောင်လာသည်။

ဒါကိုမြင်တော့ လဲ့ကျစ်က သူ့လက်ကို အလျင်အမြန် ပွေ့ဖက်လိုက်ပြီး ပြုံးနေတဲ့ မြေခွေးမျက်လုံးတစ်စုံနဲ့ သူ့ကို စိုက်ကြည့်နေတော့သည်။

"ဒါက?" ဟော်တူ၏ လေသံက အေးစက်နေပြီး သူက အံ့သြနေပုံရသည်။

"ရှင့်ကို ကြည့်တာလေ" လဲ့ကျစ်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး "အရှင့်သားပြောတာ မှန်တယ်၊ တခြားသူတွေကို ကြည့်စရာ မလိုဘူး" ဟု ပြန်ပြောလိုက်သည်။

ဟော်တူက အနည်းငယ် လန့်သွားသည်။ သူမ၏ပြုံးနေသော မျက်လုံးများက ပျားရည်စိမ်ထားသလို စိုစွတ်နေပုံရပြီး သူမ၏ စကားလုံးများကပင် ချိုမြိန်လွန်းလှသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now