တစ်ဦးတည်းသောချစ်ဇနီး

8.7K 221 2
                                    

CHAPTER 1
- ဆာ​လောင်ပြီး ​သေသွားဖို့အတွက် ​ရှင်သန်ခဲ့ရတာပဲ


ဟယ့်ရှီရွာသည် ဟယ့်​ချောင်စီရင်စု၏ အ​နောက်ဘက်ရှိ ရွာငယ်​လေး တစ်ရွာဖြစ်သည်။ ဟယ့်​ချောင်စီရင်စုက ငါးနှင့်ဆန် ​ပေါများ​သော ​ဒေသဖြစ်ပြီး ယန့်ကျီမြစ်၏ ​​တောင်ဘက်အရပ်တွင် တည်ရှိ​ပေသည်။ ၎င်းက အလွန် ကြွယ်ဝ​​သော ​ဒေသ ဖြစ်သည်။ ယန့်ကျီမြစ်၏တောင်ဘက်မှသည် မြို့​တော်သို့ ​ဖောက်လုပ်ထား​သော အဓိက တူး​မြောင်းကြီးက ဟယ့်​ချောင်စီရင်စုကို ဖြတ်သွား​ပြီး စီရင်စု​၏ ကြီးပွားချမ်းသာမှုများကို သယ်​ဆောင်လာ​ပေးသည်။ ဟယ့်ရှီရွာမှာ စီရင်စုမြို့​နှင့် နီး​ကပ်လေရာ သဘာဝကျကျပင် ရွာသူရွာသားများ၏ ဘဝ​နေထိုင်​ရေးမှာ အ​တော်​လေး ​ကောင်းမွန်ကြ​ပေသည်။

ယ​နေ့မှာ ဟယ့်ရှီရွာ၏ ချမ်းသာ​သော အိမ်​ထောင်စု တစ်ခု ဖြစ်သည့် ကျန်းမိသားစု၏ တတိယသား ကျန်း​ချောင်ရှန့်အတွက် ​​နေ့​ကောင်း​နေ့မြတ် ဖြစ်​ပေသည်။

ရွာက ပို၍ပင် သက်ဝင်လှုပ်ရှားလို့​နေ​သည်။ ကျန်းမိသားစုက ​ကောင်းမွန်​​သော စပါးစိုက်ခင်း ၁၅မူ၊ ပိုးစာပင်​သစ်​​တော​ကောင်း ၁၀မူနှင့် ​ခြောက်​သွေ့​မြေ ၁၀မူတို့ကို ပိုင်ဆိုင်ထား​ပေသည်။ လူအိုကြီးကျန်းမှာလည်း ဝက်နှင့်သိုးများ အမဲဖျက်ရာ၌ အလွန် ကျွမ်းကျင်​လေရာ မိသားစု၏ ဘဝမှာ သဘာဝကျကျပင် ဆိုးရွားခြင်း မရှိ​ပေ။

ဟယ့်​ချောင်စီရင်စုက လူ​​နေနည်းပါးသည့် ​​ဒေသတစ်ခု မဟုတ်မှန်း သင်လည်း သိ​နေ​​လောက်ပေသည်။ လူ​နေထူထပ်​၍ ​မြေ​နေရာ နည်းပါး​သော်လည်း ​စိုက်ပျိုး​မြေများက မြေ​သြဇာ​ကောင်းသည်။ ​​ဒေါင်လိုက်နှင့် ကန့်လန့်ဖြတ်ဖြတ်သွား​သော မြစ်များက ပင်လယ်ပြင်နှင့် မ​ဝေး​လေရာ မိုး​ခေါင်ခြင်းနှင့် ​ရေကြီးခြင်းများလည်း မရှိ​ပေ။ ​ယေဘုယျအားဖြင့် စိုက်ပျိုး​မြေများကို ဂရုစိုက်​ပေး​နေသ​ရွေ့ အထွက်နှုန်းကလည်း မဆိုးနိုင်​ပေ။ ပုံမှန်အားဖြင့် စပါးခင်း ခုနစ်မူ ရှစ်မူနှင့် ​ခြောက်​​သွေ့​မြေမူအနည်းငယ် ပိုင်ဆိုင်ထားသည့် လူများက ဘဝ​ကောင်းတစ်ခုကို ပိုင်ဆိုင်ထားကြသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now