chapter 87

811 111 1
                                    

Chapter 87
Imperial MeowJuly 24, 2023
Chapter 87

သင်္ဘောပေါ်ကဘ၀





ထိုနေ့သည် ပထမနေ့ဖြစ်သောကြောင့် လူတိုင်းနီးပါး သူတို့ယူလာခဲ့သော အစားအစာများကို စားကြပြီး လူအနည်းငယ်သာ သင်္ဘောပေါ်က အစားအသောက်များ တောင်းကြသည်။

ကျန်းကျန့် ချောင်းထုန်ရွာမှာ သူတို့အတွက် ချက်ပြုတ်ပေးသည့် အမျိုးသမီး နှစ်ယောက်ကို သင်္ဘောပေါ် မှာ အစားအသောက်တွေ ပြင်ဆင်ခိုင်းခဲ့သည်။ အရသာက သာမန်သာဖြစ်၏။သို့သော် သူ့လိုအပ်ချက်ကြောင့် ဟင်းရွက်ဟင်းလျာ နှစ်မျိုးနှင့် အသားဟင်း နှစ်မျိုးရှိပြီး အနပ်တိုင်းအတွက် ဟင်းရည်လည်းပါပြီး လျှံပယ်သည်ဟု ယူဆနိုင်သည်။

လက်ရှိတွင် ဟယ်ချောင်စီရင်စုတွင် အသုံးအများဆုံး ဟင်းသီးဟင်းရွက်များမှာ ပဲလွမ်း၊ ပဲတီစိမ်း၊ သခွားသီး၊ ခရမ်းချဉ်သီး၊ လူဆန်ပဲ စသည်တို့ဖြစ်သည်။ ထိုနေ့ နေ့လယ်စာတွင် ပဲလွမ်းကြော်၊ သခွားသီးချဉ်၊ လူဆန်ပဲ နှင့် ချဉ်ဖတ်ဟင်းရည်တို့ ပါဝင်ပါသည်။ အသားဟင်းအတွက်က ဝက်သားနှပ်ဖြစ်၏။

ကိုယ့်စားစရာကိုယ်ယူလာသည့်ကုန်သည်အချို့က သင်္ဘောပေါ်ကထမင်းဟင်း မစားမိသည်ကို  နောင်တရသွားကြသည်။နောက်ပိုင်း တာဝန်ရှိသူ တစ်ယောက်ယောက်က လာမေးသောအခါ ထိုညတွင် သင်္ဘောပေါ်က အစားအသောက် စားမည်ဟု ပြောကြသည်။သင်္ဘောပေါ်တွင် အပိုဟင်းလျာများ မှာယူနိုင်ကြောင်းလည်း သိရှိခဲ့ရသည့်အတွက် အခြားသူများက မွှေကြော်ကို မှာယူကြသည်။

နေ့ခင်းဘက်တွင် ကျန်းကျန့် အလွန်အလုပ်များနေခဲ့သော်လည်း ညနေခင်းတွင် ဖုချောင်နားသို့ ကပ်လာပြီးနောက် သူ စိတ်အေးလက်အေး ဖြစ်နေသည်။ကျောက်ကျင်းကောအတွက် အိမ်မှပထမဆုံးအကြိမ် အဝေးထွက်ခြင်းဖြစ်သည်ကိုတွေးကာ သူ့အား ပိုကောင်းကောင်းစားရအောင်လုပ်ရမည်ဟု စိတ်ကူးမိသည်။ဟင်းချက်သည့်နေရာသို့ သူကိုယ်တိုင် ဟင်းနှစ်ခွက်ချက်ရန် ကြံရွယ်ပြီးသွားခဲ့သည်။ ဝက်သားတစ်ပိုင်းကို ရွေးပြီး ဒယ်အိုးထဲမှာ ဆီနှင့်ကြော်ကာ ကြက်သွန်ဖြူ နှစ်မွှာထည့်၍ မွှေးလာသည်အထိ ကြော်လိုက်သည်။၎င်းနောက် ပဲလွမ်းကို ထည့်မွှေ၏။ သူ့အချက်အပြုတ် စွမ်းရည်က သိပ်မကောင်းပေမဲ့ ယခုလိုပဲလွမ်းကိုကြော်သည်က ဟိုအမျိုးသမီးနှစ်ယောက် ချက်ပြုတ်ထားသည့် ပဲလွမ်းတွေထက် ပိုကောင်းမှန်းသေချာသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now