တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

769 86 0
                                    

Chapter 41
Imperial MeowJuly 21, 2023
Chapter 41





မနေ့ညက စန်းရှောင်ရှန်း နေထိုင်မကောင်းဖြစ်ခဲ့သည်။ သို့သော် ယနေ့တော့ သူသက်သာလာပြီး ထိုင်တောင်ထိုင်နေနိုင်ပြီဖြစ်၏။

ဤခေတ်မှာ ကိုးနှစ်အရွယ်သာရှိသေးသော ကလေးတစ်ယောက်ကတောင် အိမ်၏ကိစ္စအဝဝကို လုပ်ကိုင်နိုင်စွမ်းရှိပေသည်။ ထို့ကြောင့် ဝမ်ဟိုင်ရှန်းက စန်းရှောင်ရှန်းကိုပြုစုဂရုစိုက်ပေးဖို့ ဝမ်ယွီအာကို စေခိုင်းခဲ့ပြီး လှေသန့်ရှင်းရေးလုပ်ရန်အတွက် ကျန်းကျန့်ကို ခေါ်သွားလိုက်သည်။

သင်္ဘောဟာ အနည်းငယ်ညစ်ပတ်နေချေပြီ။ သို့သော် ၎င်းကို ကောင်းစွာထိန်းသိမ်းပြုပြင်ထားလေသည်။ တစ်ချက်ကြည့်ရုံဖြင့် ပိုင်ရှင်က ၎င်းကို အလွန်တရာမြတ်နိုးကြောင်း သိသာလှသည်။

"အရင်တစ်စင်း ပျက်စီးသွားပြီးတဲ့နောက်မှာ ဒီသင်္ဘောကို လွန်ခဲ့တဲ့ခုနစ်နှစ်ကပဲ အသစ်ဆောက်လုပ်ထားတာ။ အဲ့ဒီတုန်းက ငါ့မှာစုထားတဲ့ ငွေနည်းနည်းရှိတာမို့လို့ ဒါကို အသစ်ပြောင်းပစ်လိုက်တယ်လေ"

ဝမ်ဟိုင်ရှန်းက ကျန်းကျန့်၏ညွှန်ကြားချက်အတိုင်း သင်္ဘောကိုသန့်ရှင်းရေးလုပ်ရင်း စကားဆိုလာသည်။ ထို့နောက် သူက သင်္ဘော၏ဘယ်အပိုင်းကိုတော့ ပြုပြင်ဖို့လိုအပ်ပြီး နံရံကပ်စင် ဘယ်နှခုလောက် ပိုထည့်သင့်ကြောင်း ပြောနေပြန်၏။

"မင်း လုပ်ပေးနိုင်လား"

ကျန်းကျန့် မေးလိုက်သည်။

"ဒါပေါ့။ ကျွန်တော်က ဟိုးအရင်ကတည်းက သင်္ဘောတွေအကြောင်း အကျွမ်းတဝင်ရှိပြီးသားပဲလေ။ ဒါတွေကို ကျွန်တော်ပြင်ပေးနိုင်တယ်။ ပစ္စည်းကိရိယာလည်း အစုံရှိပြီးသားပါ"

ဝမ်ဟိုင်ရှန်းက ဆို၏။

"တကယ်လို့ ကျွန်တော့်မှာ ကိရိယာတန်ဆာပလာတွေသာ လုံလုံလောက်လောက်ရှိကြည့်။ အသစ်တစ်ခုတောင် ဆောက်ပြနိုင်သေးတယ်"

ကလေးဘဝတုန်းက သူသည် မိဘများနှင့်အတူ ငါးဖမ်းလှေပေါ်မှာသာ အချိန်ကုန်ဆုံးခဲ့ရသည်။ ထိုစဉ်က လှေဟာ အစပိုင်းမှာ တော်တော်ကျိုးပဲ့နေခဲ့သောကြောင့် တစ်ချိန်လုံးပြုပြင်နေခဲ့ရသည်ချည်းသာ။ လှေတစ်စင်းဆောက်လုပ်နိုင်သူကို သူ ရှာတွေ့တော့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို သေချာကြည့်ရှုပြီးသည်နှင့် လှေဆောက်လုပ်ရေးနှင့်ပတ်သက်သည့် ပညာတချို့ကို သူ သင်ယူနိုင်ခဲ့သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now