တစ်ဦးတည်းသောချစ်ဇနီး

1.3K 109 2
                                    

Chapter 3
–ကျန်းမိသားစုအိမ်သို့ ပြန်သွားခြင်း

​​ကျောက်ကျင်း​ကောက အကြီးဆုံးကျန်း၏ ပြိုကျ​နေ​သော တဲ​​အိမ်လေးမှ ထွက်လာပြီး​နောက် သူ့ကိုယ်ပိုင်အိမ်သို့ ပြန်လာခဲ့သည်။

​ကျောက်မိသားစု၏ စပါးခင်း ဧကများမှာ အားလုံး ​ရောင်းထုတ်ပြီးသား ဖြစ်​သော်လည်း ​ခြောက်​သွေ့​​မြေ တစ်ဧကထက်ပို ရှိ​နေ​သေးသည်။ သူတို့က ထိုအ​ပေါ်တွင် အာလူများနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားကာ သူတို့၏ အိမ်မှာလည်း ၎င်း၏ ​ဘေးတွင်သာ တည်ရှိသည်။

​ကျောကျင်း​ကောက အိမ်အတွင်းသို့ ​ခြေချလိုက်ပြီး​နောက် အစားအစာအနံ့​လေး ရလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့အ​မေ ​ကျောက်လျိုက သူ့ကို ကြိုဆို​နေခဲ့​လေသည်။

"ကျင်း​ကော... သားပြန်လာပြီလား"

"ဟုတ် .. ဒီ​နေ့ အလုပ်လုပ်စရာ မရှိတော့လို့ ​စော​စောပြန်လာခဲ့တာ" ​

ကျောက်ကျင်း​ကောက အလုပ်အားလုံး ပြီးဆုံးကာနီး ဖြစ်၍ အလုပ်ရှင်ကို ​ပြောကာ ​စော​စောပြန်လာခဲ့​ကြောင်း သူ့အ​မေကို ​ပြောပြလိုက်သည်။ သူက သူ့​မြေကို ပြန်ကြည့်၍ ​နေ့လည်ပိုင်းတွင် တစ်ခုခုကို စိုက်ပျိုးရန် စီစဥ်ထားခဲ့သည်။

"ကျင်း​ကော... သား အလုပ်​တွေ များ​နေရပြီ" ​ကျောက်လျူက အငယ်ဆုံးသား၏ တည်တင်း​နေ​သော မျက်နှာနှင့် မျက်ခုံးကြားမှ အမာရွတ်အကြီးကြီးကို ကြည့်လိုက်သည်။ သူမက ဝမ်းနည်းသွားခဲ့ရ​​လေသည်။ ကျင်းဟူအတွက်​ကြောင့်သာ မဟုတ်ခဲ့ရင် ​ကျင်း​ကောလည်း ဒီ​လောက်ထိ ခံစား​နေရပါ့မလား...

သူက ​ကောတစ်​ယောက် ဖြစ်လျက်နှင့် ​ယောကျ်ားတစ်​ယောက်ကဲ့သို့ မိသားစုကို ​ထောက်ပံ့​နေရသည်။

​ကျောက်ကျင်း​ကောက သူ့အ​မေ၏ အမူအယာကို မြင်​သောအခါ သူမအ​တွေးလွန်​နေပြီ ဖြစ်​ကြောင်း သိလိုက်ရသည်။ သူက လူများကို နှစ်သိမ့်မ​ပေးတတ်​ပေ။

"အ​မေ... စားစရာ တစ်ခုခုရှိလား"ဟုသာ ​ပြောလိုက်နိုင်သည်။

"ရှိတယ်​လေ... အ​မေက ကန်စွန်းဥ ယာဂု လုပ်ထားတယ်" ​ကျောက်လျူက ​ပြောရင်းဖြင့် အိုးအဖုံးကို လှစ်ဟပြလိုက်သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now