တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

814 107 0
                                    

Chapter 83
Imperial MeowJuly 24, 2023
Chapter 83

:သူ့လူတွေကို လေ့ကျင့်ပေးခြင်း





ထိုစစ်သင်တန်းလေ့ကျင့်ခန်းများ ပြုလုပ်ရန် တောင်းဆိုသောအခါတွင် ၎င်းတို့အဖွဲ့အား သပ်ရပ်ပြီး စည်းလုံးညီညွတ်စေရန် မဟုတ်ပါဘဲ ဤလူများကို အမိန့်နာခံပုံနှင့် အသင်းအဖွဲ့စိတ်ဓာတ် အနည်းငယ်ရှိရန်  သူမျှော်လင့်ခဲ့သည်။

သူတို့ကို စုပြီးနောက် ကျန်းကျန့်ပါ သူတို့နှင့်အတူ ထပ်ပြီးလေးကျင့်ပြန်ကာ သူတို့အား မတ်မတ်ရပ်စေကာ တညီတညာတည်း လှုပ်ရှားမှုအချို့ကို ပြုလုပ်ခိုင်းသည်။

ထိုလူများထဲတွင် ကျောက်ကျင်းကောသည် အကောင်းဆုံးဖြစ်သည်။ သူက ကျန်းကျန့်၏စကားကို ကောင်းကောင်းနားထောင်ပြီး ညဘက်မှာဆို ရံဖန်ရံခါ ကျန်းကျန့်က သူ့ကို အဝတ်အစားတွေကို ချွတ်ပြီး စစ်တပ်ပုံစံပင် မတ်တပ်ရပ်ခိုင်းသေးသည်။သဘာဝအတိုင်း သူက ကောင်းကောင်း သင်ယူနိုင်၏။ နောက်ထပ်ကား ဝမ်ဟိုင်ရှန်းနှင့်ဟယ်ညီအကိုတို့အပြင် ချောင်းထုန်ကလူနှစ်ယောက်ဖြစ်လေသည်။ကျန်လူများကမူ သူတို့၏ သင်ယူမှုက ညံ့ဖျင်းပြီး တချို့က အထူးတလည်ကို ဆန့်ကျင်ကြ၏။

"ငိုးတဲ့မှ ...ငါ ထွက်တယ်...ကျန်းကျန့်  မင်းက ငါ့ကို တမင်တကာ ညှဉ်းပန်းနှိပ်စက်နေတာ ဟုတ်တယ်မလား... ဒီအရာတွေကနေ ဘာတွေ သင်ယူစေချင်နေတာလဲ”

ကျန်းကျန့်၏ လှန်မှောက်

ခြင်းကို ခံခဲ့ရသော  လျူဟိုင်ထုန်က ကျန်းကျန့်ကို သတိနှင့်ကြည့်ရင်း ဒေါသတကြီး ထပ်မံ ကျိန်ဆဲလိုက်သည်။ မထင်မှတ်သည့်အရာ ဘာမှမဖြစ်ခဲ့လျှင် ကျန်းကျန့်က သူ့ကို သေချာပေါက် လာရိုက်လိမ့်မည်။

ကျန်းကျန့်က သူ့ကို တကယ်လည်း ရိုက်ခဲ့သည်။ သူက လျူဟိုင်ထုန် နှင့် များစွာ တိုက်ခိုက်နေခဲ့သည်။ကျန်းကျန့်က လျူဟိုင်ထုန်၏ပုံစံကို သဘောပေါက်ခဲ့သော်လည်း လျူဟိုင်ထုန်က သူ့ပုံစံကို နားမလည်သောကြောင့် ကျန်းကျန့် သူ့ကို ပိုပို၍ လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သည်။ မဟုတ်သေး၊ ညိုမဲနေအောင် အရိုက်ခံရပြီး နှာခေါင်းပွန်းပဲ့သွားသည့် လျူဟိုင်ထုန်ကို အပြတ်အသတ်အနိုင်ရရန် သူ့အတွက် အချိန်သိပ်မကြာလိုက်ပါချေ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now