တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

759 73 0
                                    

Chapter 25

တိတ်တိတ်လေး နမ်းကြမယ်

ကျန်းကျန့်က အလွန်ပျော်ရွှင်နေပါသော်လည်း ကျောက်ကျင်းကောကမူ အပြစ်ရှိစိတ် အပြည့် ဖြစ်နေသည်။

"ကျွန်... ကျွန်တော် တောင်းပန်ပါတယ်"

သူက သူ့မိဘများအတွက် စိုးရိမ်နေပြီး ရွာသားများက သူ့မိသားစုအား နှင်ထုတ်လိုက်ပြီး ထိုတရားရုံးအရာရှိကလည်း သူ့မိသားစုအား ပြဿနာ ရှာမည်ကို စိတ်ပူနေခဲ့သည်။ ကျန်းကျန့်က တစ်ရွာလုံးကို ဆန့်ကျင်လိုက်သည့်အခါ ညအခါမှသာ သူ့ကို လာတွေ့ရဲတော့သည်။ ကျောက်ကျင်းကောက အလွန်အမင်း ရှက်ရွံ့နေခဲ့လေသည်။

"ဘာလို့ တောင်းပန်စရာ လိုမှာလဲ"

ကျောက်ကျင်းကော၏ တောင်းပန်စကားကို ကြားေသာအခါ ကျန်းကျန့်က မနေနိုင်ဘဲ ရယ်မောမိသွားသည်။ သူနှင့် ကျောက်ကျင်းကောတို့က ဤမရေမရာ အခြေအနေတွင်း အမှန်တကယ်ပင် သိုသိုသိပ်သိပ် နေသင့်ပေသည်။ သူက ကျင်းကော၏ လက်ကလေးကို ဆွဲယူလိုက်သည်။ သူ့အတွက်ကြောင့်နဲ့ ကျောက်ကျင်းကောရဲ့ မိသားစုကို ခံစားရစေလို့ မဖြစ်ဘူးလေ...

သူက ဖယ်ကျဥ်ခံထားရခြင်း သို့မဟုတ် လက်စားပြန်ချေခံရမည်ကို မကြောက်ပါသော်လည်း ကျောက်ကျင်းကောနှင့် သူ့မိဘများကို ဂရုမစိုက်၍ မဖြစ်ပေ။ ပြီးတော့ ယခုတွင် သူ့ထံ၌ သူတို့ကို အပြည့်အဝ ကာကွယ်ပေးနိုင်စွမ်းလည်း မရှိပါပေ။

ကျောက်ကျင်းကောက ကျန်းကျန့်၏ စကားများကြောင့် စိတ်သက်သာရာရမသွားဘဲ ပို၍ပင် အပြစ်ရှိစိတ် ဝင်သွားရသည်။ လွန်ခဲ့သော ရက်များက ကျန်းကျန့် ဖော်ပြပေးလာသော အဓိပ္ပါယ်က လုံလုံလောက်လောက် သိသာနေပြီးသားပင်။

သူက တုံ့ပြန်ရန် ရှက်လွန်းလှသဖြင့် ကျန်းကျန့်ကို ဘာမှ မပြောခဲ့သော်လည်း သူတို့က အမှန်တကယ်တွင် အပြန်အလှန် နားလည်မှုတစ်ခု ရှိနေခဲ့ကြသည်။ သို့သော်လည်း ယခုတွင် ကျန်းကျန့်က ဒုက္ခရောက်နေပြီး သူကလည်း ကျန်းကျန့်နှင့် ရှေ့လည်း မတိုးသာ နောက်လည်း မဆုတ်သာ ဖြစ်နေရသည်။

"ကျွန်တော့်မိဘတွေကို ပြောလိုက်မယ်... ထွက်သွားကြရအောင်လေ"

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Unde poveștirile trăiesc. Descoperă acum