chapter 100

657 104 0
                                    

Chapter 100
Imperial MeowJuly 24, 2023
Chapter 100

လူတွေကို သူတို့၏ ဒဏ်ရာများကို ချုပ်ပေးခြင်း



ကျန်းကျန့်က...သူ့လူတွေ ဆုံးသွားတာကိုစိတ်မကောင်းဖြစ်ပြီး သူတို့ကို ချုပ်ပေးနေတာလား...

ဒါပေမဲ့ သူ့လူနှစ်ယောက် အသက်ရှင်နေသေးတယ် မဟုတ်ဘူးလား...ဒီဒဏ်ရာက လက်၊ ခြေထောက် ပြတ်သွားတာ မဟုတ်ဘူး...အပ်နဲ့ချုပ်ဖို့ မလိုအပ်ဘူးလေ...

ကျန်းကျန့်၏ လှုပ်ရှားမှုကို သတိပြုမိသူ တစ်ဦးထက်ပိုပြီး လူတိုင်း၏ ခန့်မှန်းချက်မှာ ကျန့်ရီနှင့် ဆင်တူသည်။

လည်ပင်းတစ်ခြမ်းလှီးဖြတ်ခံရသော အမျိုးသားကို အဖော်များစွာက ဝိုင်းရံထားသည်။ ထိုအချိန်တွင် တစ်စုံတစ်ဦးမှ အကြံပေးလိုက်၏။

“ငါတို့လည်း အပ်နဲ့အပ်ချည် သုံးကြရအောင်...သူ့ကို ချုပ်ပေးကြမယ်"

ယခုလိုမျိုး ကြုံလာရသည်အခါမှာ ကျန့်ရေယာဥ်စု၏ ထုံးစံမှာ ဆိုက်ကပ်ပြီး မကြာခင်မှာပဲ လူသေတွေကို နေရာမှာ မြှုပ်နှံခြင်းဖြစ်သည်။

မပြည့်စုံသောအလောင်း သို့မဟုတ် ရုပ်ဆိုးလွန်းသောအသွင်အပြင်ဖြင့် ၎င်းတို့၏အဖော်ကို သင်္ဂြိုဟ်ခြင်းသည် ၎င်းတို့အတွက် အမှန်တကယ် မကောင်းပေ။ထို့ကြောင့် ၎င်းတို့အနေဖြင့် သူတို့ကို သန့်ရှင်းရေးလုပ်ပေးရန် အမြဲကူညီပေးရမည်ဖြစ်သည်။

ထိုအတွေးကြောင့် လူတိုင်း၏ စိတ်အခြေအနေ ကျဆင်းသွားပြီး ထိုအချိန်တွင် ကျောက်ကျင်းကောက ရုတ်တရက်ပြောလိုက်၏။

"ကျန်းကျန့်က လူတွေကို ကယ်နေတာ"

"လူတွေကို ကယ်တာလား"

ကျန့်ရီ အံ့ဩသွားသည်။ ဒါက ကယ်တာလား...

“အဓိပ္ပါယ်မရှိတာ... ဒီလိုလူတွေကို ဘယ်လိုလုပ် ကယ်တင်နိုင်မလဲ...မသေခင်မှာ လူတွေကို ပိုဝေဒနာခံစားရစေရုံပဲရှိတယ်”

ကျန့်ရီက ထိုလူထူထပ်သော နေရာတွင် ရှိနေသည်ကို သမားတော်က မြင်သောကြောင့် ကျန်းကျန့်လက်အောက်ရှိ အနည်းငယ် ဒဏ်ရာရသူများကို ကုသပြီး  ကျန့်ရီရှေ့မှာ ပြသရန် စီစဉ်ခဲ့သည်. . . သို့ပေမဲ့ ကျောက်ကျင်းကောက သူ့ကိုမြင်လိုက်သည်နှင့် ကျန်းကျန့်က လူတွေကို ကယ်နေသည်ဟု ပြောလာသည်။သူ သူ့ကို မကျေမနပ်ဖြင့် ကြိမ်းမောင်းလိုက်သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now