တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

970 123 2
                                    

Chapter 47
Imperial MeowJuly 21, 2023
Chapter 47

ကျန်းကျန့်က ဇနီးသည်အား အတင်းအကြပ်ဆောင်ယူရန် လာရောက်





ယနေ့တွင် လီမိသားစုသည်  အတင်းအကြပ် လက်ထပ်ရန်စိတ်ကူးဖြင့် ဤနေရာကို ရောက်လာသည်။လီကျူးကျန်က သူ့သားသမီးများကို ကျောက်မိသားစု၏အိမ်တွင် နေထိုင်စေခဲ့သည်။ဤနည်းဖြင့် ကျောက်ကျင်းကောက သူ့ကို လက်မထပ်ချင်ဘူးဆိုလျှင်ပင် လက်ထပ်ရမှာဖြစ်သည်။ကျောက်မိသားစုက တစ်ယောက်ယောက်ကို ရိုက်နှက်လျှင်. . .သို့မဟုတ် ကျောက်မိသားစုက တစ်စုံတစ်ယောက်ကို နာကျင်စေသည်ဆိုလျှင် ကျောက်မိသားစု၏ အပြစ်ဖြစ်သွားလိမ့်မည်။ထိုအခါ သူတို့ကိုဖမ်းပြီး လျော်ကြေးတောင်းမှာဖြစ်သည်။ကျောက်မိသားစုက လျော်ကြေးကို မပေးနိုင်ပါက သူတို့အနေဖြင့် ကျောက်ကျင်းကောအား သူတို့ကို လျော်ကြေးပေးခိုင်းရမည်မဟုတ်ပါလော။

မကောင်းသော အကြံအစည်များသည် ဆင်းရဲခြင်းမှ ဆင်းသက်လာသည်ဟူသည်က ငြင်းမရနိုင်သော အမှန်တရားတစ်ခုဖြစ်သည်။ လူတွေက ဆင်းရဲသည့်အတွက် တပေါင်းတည်း သိက္ခာကျရမည်ဆိုလျှင်ပင် ဘာမဆို လုပ်တတ်ကြ၏။ဤတစ်ကြိမ်မှာ လီမိသားစုက သိက္ခာကျသွားတော့ပေမည်။

ဟယ့်ရှီရှိ မိသားစုတိုင်းသည် အတော်လေး ကောင်းမွန်သော ဘဝနေထိုင်မှု ရှိခဲ့သောကြောင့် ၎င်းတို့အတွက် လီမိသားစု၏ အပြုအမူသည် အနည်းငယ် အရှက်မရှိလှပေ။သို့ပေမဲ့ သူတို့က အရှက်မရှိပေငြား ကျောက်ကျင်းကောက အနှီလီမိသားစုထက် ပိုကောင်းသည့်အိမ်ထောင်ဖက်ကို အမှန်တကယ် ရှာမတွေ့နိုင်ပါချေ။ထို့အပြင် လီမိသားစုက သူတို့ဆီ နေ့တိုင်းလာကြသည်။ထို့ကြောင့် သူတို့မှာ တခြားဘာမှ မရှိဘူးဆိုလျှင်ပင် အနည်းဆုံး သူတို့က စိတ်ရင်းပါကြသည်။လီမိသားစုက ကျောက်ကျင်းကောကို သူတို့မိသားစုထဲ အမှန်တကယ် လက်ထပ်ဝင်စေချင်သည်ဟု ရွာသားများ ထင်ခဲ့ကြ၏။ထို့အပြင် မိသားစုနှစ်ခုသည် အရင်တုန်းက စေ့စပ်ပွဲတစ်ခုနှင့် ချိတ်ဆက်ခဲ့ဖူးသည်မဟုတ်ပေလော။

ကျေးလက်ရှိလူများသည် စည်းရုံးရေးကို အမြဲယုံကြည်ကြပြီး အသေးအဖွဲအချက်များကို ထည့်သွင်းစဉ်းစားရန် ငြင်းဆန်ကြသည်။ မိခင်မရှိသော ကလေးလေးယောက်ကို တွေ့သောအခါ၊ ဟယ့်ရှီရှိလူများက ကျောက်ကျင်းကောကို သဘောတူအောင် နားချရန် ကြိုးစားကြသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now