chapter 102

748 118 0
                                    

Chapter 102
Imperial MeowAugust 05, 2023
Chapter 102

လေးစားခံရခြင်း



သင်္ဘောပေါ်တွင် ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသူများကို ပြုစုစောင့်ရှောက်ရန် အပိုလက်များမရှိပေ။ ဝမ်ဟိုင်ရှန်း နှင့် အခြားသူများမှာ တောင်းဆိုချက်များစွာရှိခဲ့ပြီး လုတက မကျေမနပ်ဖြစ်ကာ ကျန်းကျန့်

၏လူများ ပြုစုရန် ဒဏ်ရာရရှိသူအားလုံးကို ပစ်ချခဲ့လိုက်သည်။

"အဲဒါကိုမင်း ဂရုစိုက်​နိုင်​လား"

ကျန်းကျန့်က မေးသည်။

"ပြဿနာမရှိပါဘူး"

ဝမ်ဟိုင်ရှန်းက ပြောသည်။

အမှန်တွင် သူတို့ကဒဏ်ရာရသူတွေကို ပြုစုစောင့်ရှောက်ရနိ ဆန္ဒရှိကြသည်. . . ထိုလူတွေကို သူတို့၏ဘော့စ်က ကယ်တင်ထားခဲ့သည်ဖြစ်ရာ သူတို့အနေဖြင့် ကောင်းကောင်း ဂရုစိုက်ရပေမည်။သုတို့ကို တခြားသူတွေ သတ်ပစ်မည်ကိုခံရရန်အတွက်နှင့် ကယ်တင်ထားခြင်းမဟုတ်ပေ။

ကျန်းကျန့် ဒဏ်ရာကို ချုပ်ပေးခဲ့သော လူအချို့က သေဆုံးခဲ့သော်လည်း အများစုမှာ အသက်ရှင်လျက် ရှိနေပြီး ဗိုက်တွင် အပေါက်ရှိသည့် ဖန်ပင်းမှာ အသက်ရှင်လျက် ရှိနေသေးသည်။ဝမ်ဟိုင်ရှန်းတို့တတွေ ကျန်းကျန့်က အံ့ဖွယ်အမှုများ ဖန်တီးနိုင်သည်ဟု ခံစားခဲ့ရသည်။

သူတို့ ထိုလူတွေကို အသက်ရှင်စေချင်၏။

ဝမ်ဟိုင်ရှန်းတို့တတွေ ဆန်ပြုတ်သောက်ပြီး ဒဏ်ရာရသူများအတွက် ဆန်ပြုတ်

ပြန်ယူလာကြသည်။

အမှန်တွင် ဝမ်းဗိုက်မှာ ဒဏ်ရာရှိသူတချို့က ယခုအချိန်မှာ အစာလျှော့စားလျှင် ပိုကောင်းပေမဲ့ သူတို့အနေဖြင့် ရေချည်းပဲသောက်၍ အသက်မရှင်နိုင်ကြပါ​ချေ။သူတို့သည် သွေးအလွန်အကျွံ ဆုံးရှုံးခဲ့ပြီး၊ မစားလျှင် ငတ်သေပေလိမ့်မည်။ ထို့ကြောင့် ကျန်းကျန့်က သူတို့ကို မတားခဲ့ပေ။

အလုံအလောက်စားသောက်ပြီးနောက် သူ ကျောက်ကျင်းကောကို သူတို့၏အခန်းသို့ ပြန်ခေါ်သွားကာ  ကျောက်ကျင်းကောကိုဖက်၍ သူနှင့် အတူအိပ်လိုက်သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now