တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1K 111 2
                                    

CHAPTER 10

- လအနည်းငယ်ကြာ

ကျေးလက်ဒေသတွင် တစ်ဦးတည်း နေထိုင်ခြင်းက ခက်ခဲလေ့ရှိပြီး အနိုင်ကျင့်ခံရရန်အတွက်လည်း အားနည်းချက် တစ်ခု ဖြစ်သွားရစေသည်။

ထိုအကြောင်းကြောင့် သူတို့၏ ယောက္ခမများ အိမ်တွင် သွားရောက် နေထိုင်ကြမည့် အမျိုးသမီးများနှင့် ကောများက ညီအစ်ကိုများစွာ ရှိသည့် အိမ်များကိုသာ ရှာလေ့ရှိကြသည်။ အကြီးဆုံးကျန်းကသာ သူ့မိသားစုမှ ခွဲထွက်လာပြီး လက်လည်းမထပ်ရသေးပါက လယ်တောမှ အလုပ်လုပ်ပြီး ပြန်လာချိန်တွင် ပူပူနွေးနွေး အစားအသောက်များကို စားသောက်နိုင်မည် မဟုတ်သဖြင့် အမှန်တကယ်လည်း အကူအညီအချို့ လိုအပ်နေမည်ပင်။

ပြီးတော့ သူသာ ကျန်းမိသားစုရဲ့ တဲအိမ်အိုမှာ နေဖို့ ဆုံးဖြတ်လိုက်ရင် ကျောက်မိသားစုနဲ့ အနီးဆုံး ဖြစ်မသွားဘူးလား...

ကျောက်ကျင်းကောက ကျန်းကျန့်၏ အကြောင်းပြချက်ကို လက်ခံလိုက်သည်။ သူက ဆန်ပြုတ်ကို သောက်နေစဥ်တွင် စိတ်အေးလက်အေး ဖြစ်သွားလေသည်။ သို့သော်လည်း ကျန်းကျန့်က သူ့ကို အဆက်မပြတ် စိုက်ကြည့်နေခဲ့သည်။ သူက ခပ်နှေးနှေး လှုပ်ရှားနေပြီး သူ့ကို ထပ်စားရန် လောဆော်နေသဖြင့် အဆုံးတွင် သူ့ကို အနည်းငယ် မသက်မသာ ဖြစ်သွားစေခဲ့သည်။

"နောက်ဆို မင်းမှာ ပြဿနာ တစ်ခုခု ကြုံလာခဲ့ရင် ငါ မင်းဆီ ရောက်လာပေးမယ်"

ကျန်းကျန့်က ကျောက်ကျင်းကောကို ကြက်ပေါင် နောက်တစ်ချောင်းကိုလည်း ပေးလိုက်သည်။

"ဒီမှာ... ယူလိုက်"

"ကျွန်တော့်ကို ကြက်ပေါင် ပေးစရာ မလိုပါဘူး"

ကျောက်ကျင်းကောက ခပ်မြန်မြန်ပင် ငြင်းဆန်လိုက်သည်။ ကြက်သားဆန်ပြုတ် စားရသည်ကပင် သူ့အတွက် အတော်လေး ကောင်းနေပြီးပြီ။ သူက ဆာဆာလောင်လောင်ဖြင့် အလုပ်လုပ်ရတော့မည်ဟုသာ တွေးနေခဲ့ခြင်း ဖြစ်သည်။

"ငါက ကြက်သားတစ်ဝက်ကို စားထားပြီးပြီ... ငါ့အတွက် ကြက်ပေါင်တစ်ချောင်းက ဘာမှုစရာ ရှိမှာလဲ... ငါ့မှာ တစ်ခု ရှိပြီးသားပဲမလား... မြန်မြန် စားလိုက်"

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now