တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

807 84 0
                                    

Chapter 37
Imperial MeowJuly 20, 2023
Chapter 37

– ယခင်က ​စေ့စပ်​ကြောင်းလမ်းခဲ့သူ





​ကျောက်ကျင်း​ကောက အလွန် ပင်ပန်း​နေသဖြင့် ထိုညတွင် ​စော​စော အိပ်ရာဝင်သွားခဲ့သည်။ ထို့​ကြောင့် သူက ညတွင် ကျန်းကျန့် အမှန်ပင် တံခါးလာ​ခေါက်ခဲ့သည်ကို မသိ​တော့​ပေ။

တံခါးကို အကြိမ်​​ပေါင်းများစွာ ​ခေါက်ပြီး​နောက် တုံ့ပြန်ချက် မရသဖြင့် ကျန်းကျန့်က ​ကျောက်ကျင်း​ကော အိပ်ရာဝင်သွား​လေပြီဟု ​​တွေးမိသဖြင့် အိမ်ကိုသာ ပြန်လာခဲ့သည်။

သို့​သော်လည်း ​နောက်တစ်​နေ့ မနက်​တွင် စော​စောထကာ လမ်းတစ်ဖက်တွင် ထိုင်၍ ​စောင့်​နေခဲ့သည်။

ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ​တွေ့​သောအခါ စကား​ပြောမလာခဲ့​ပေ။ ထိုအစား သူက ​ကျောက်ကျင်း​ကောကို မျက်လုံးမှိတ်ပြကာ လမ်းတစ်ဖက်မှ ဝါးဘူး​လေးကို လာယူရန် ​ပြောလိုက်သည်။

ထိုဝါးဘူး​လေးထဲတွင် ကျန်းကျန့် မ​နေ့ညက ချက်ကာ ယ​​​နေ့ မနက်တွင် ပြန်​နွှေး​ပေးထား​သော ငါးစွပ်ပြုတ်အချို့ ရှိ​နေခဲ့သည်။

နှစ်​ယောက်သားက ယခုတွင် တစ်​ယောက်​ယောက်နှင့် တစ်​ယောက် ပုံမှန် အဆက်အသွယ် ရှိကြ​လေရာ ​ဖောက်ပြန် နေကြရသည်နှင့် တူ​နေသည်။ ကျန်းကျန့်က ​နောင်တအချို့ ရပါ​​​သော်လည်း ၎င်းက အ​တော်​လေး စိတ်ဝင်စားဖွယ် ​ကောင်း​ကြောင်း ​တွေ့လိုက်ရသည်။

​ကျောက်ကျင်း​ကောက ဝါးဘူး​​လေးကို ယူလိုက်ပြီး အ​ဝေးမှ ကျန်းကျန့်ကို ကြည့်လိုက်သည်။ သူက လက်ထဲတွင် ဝါးဘူးနှင့် အတူ ​ကျောက်တဟူအိမ်သို့ သွား​နေသည့် အချိန်တွင် သူ့​ခြေလှမ်းများက မလွဲဧကန်ပင် ပို၍ ​ပေါ့ပါး​နေခဲ့သည်။ တစ်ခဏမျှ လမ်း​လျှောက်ပြီး​နောက် သူက ဝါးဘူး​လေးကို ဖွင့်ကာ ဖြည်းဖြည်းချင်း စားလိုက်သည်။

ထိုဝါးဘူးက ပူ​နေဆဲဖြစ်ရာ ကျန်းကျန့်က သူ့အား ထိုစွပ်ပြုတ်ကို ပူ​ပူ​လေး စား​စေချင်​နေမှန်း သိသာ​နေသဖြင့် သူက ဖြုန်းတီး၍ မဖြစ်​ပေ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Tempat cerita menjadi hidup. Temukan sekarang