တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1K 128 0
                                    

Chapter 68
Imperial MeowJuly 21, 2023
Chapter 68

တစ်​ယောက်​ယောက်က​တော့ ပြဿနာ လာရှာ​နေပြီ



ကျန်းကျန့်က သူ့မိသားစု ထိုအလုပ်ကို လုပ်နိုင်မည် မဟုတ်​ကြောင်း ​တွေးမိသည့်အတွက် ဝက်တစ်​ကောင် ဝယ်ရန် အကုန်အကျ ခံလိုက်သည်။ လတ်တ​လော ရာသီဥတုကလည်း အလွန် ပူ​နေသဖြင့် သူက ဝက်ကို တစ်ရက်ကြို မသတ်ထားဘဲ ထိုမနက်မှသာ သတ်ခဲ့ခြင်း ဖြစ်သည်။ အ​ကြောင်းမှာ အခြား နည်းလမ်းလည်း မရှိသည့် အတွက်​ကြောင့်ပင်။ ​ကျောက်မိသားစုတွင် ကူညီ​ပေးနိုင်မည့် ​ဆွေမျိုး နည်းနည်းသာ ရှိသည်။

"သတို့သားက ​​သွေးမြင်​နေရတာ မ​ကောင်းဘူး​နော်" ​

ကျောက်လျူက ကျန်းကျန့်ကို ကြည့်၍ သက်ပြင်းချလိုက်သည်။ သတို့သားက ဘယ်လိုလုပ်ပြီး ဝက်ကို ကိုယ်တိုင် သတ်​နေရတာလဲ...

"အဆင်​ပြေပါတယ်... ဝက်က အသား​ကောင်းပြီး အဆီပြည့်​နေတာပဲ... ဒါ ​ကောင်းတဲ့လက္ခဏာပဲ​လေ"

ကျန်းကျန့်က ဝက်​သွေးများ ထည့်ထား​သော သစ်သားပုံး​လေးထဲသို့ ​ရေနှင့် ဆားများ ထည့်ကာ ​မွှေလိုက်သည်။ ဝက်​သွေးကို ​ရေနှင့် ဆားတို့ဖြင့် ​မွှေ​နှောက်ပြီး​နောက် တစ်ခဏအကြာ ခဲလာခဲ့ပြီး ၎င်းကို ​ရေအချို့နှင့် ပြုတ်လိုက်သည်နှင့် ​သွေးခဲတို့ဖူးထွက်လာသည်။ ၎င်းက အ​တော်​လေး အရသာ ​​ကောင်း​ပေသည်။ ဤ​နေရာ၌ ဝက်သတ်ကြပါက ဝက်​သွေးနှင့် အူများကို အိမ်နီးချင်းများနှင့် မျှ​ဝေ​လေ့ ရှိကြ​ပေသည်။

"အဲ့လိုလား"​ကျောက်လျူ အလိမ်ခံလိုက်ရပြီး​နောက် ​ခေါင်းငြိမ့်သွားလေသည်။

မင်္ဂလာပွဲသို့ ဖိတ်ကြားထားသူ များများစားစား မရှိသည့်အတွက် စားပွဲ ငါးလုံးသာ ရှိ​နေသည်။ ကျန်းကျန့်က ကြက်တစ်​ကောင်ကိုမှ သတ်မထားဘဲ ငါးအချို့ကိုသာ ပြင်ဆင်ထားခဲ့သည်။

ဝက်သားနှင့် ငါးအချို့ဖြင့်ပင် ​သူနှင့်ကျောက်ကျင်း​ကောတို့၏ မင်္ဂလာပွဲက အ​​​တော်​လေး ကြီးကျယ်​နေခဲ့​လေပြီ။

လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် သူ ပြင်ဆင်ရမည့် အရာအားလုံး အသင့်ဖြစ်​နေသည်ကို ​တွေ့လိုက်ရသည်။ ကျန်းကျန့်က စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့​နောက် ​ရေချိုးလိုက်ပြီး ဖု​​ချောင်မှ အပ်ချုပ်သမားကို ပြုလုပ်ခိုင်းခဲ့သည့် ဝတ်စုံကို ဝတ်လိုက်​လေသည်။ အနီရောင် လက်ထပ်ဝတ်စုံများကို တစ်ခါသာ ဝတ်ဆင်ရ​ပေမည်။ ဤ​ခေတ်တွင် ​ကျေးလက်မှ မည်သူကမှ အနီ​ရောင် အဝတ်အစားများ မဝတ်ဆင်နိုင်ကြသဖြင့် ကျန်းကျန့်က ၎င်းတို့ကို မပြုလုပ်​စေခဲ့​ပေ။ ထိုအစား သူက သာမန်ဝတ်စုံနှစ်စုံထက်ပို၍ ပြုလုပ်ထားခဲ့​လေသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now