တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1.2K 155 4
                                    

Chapter 77
Imperial MeowJuly 24, 2023
Chapter 77

မန်နေဂျာအသစ်



ယခုအချိန်၌ ယန်ကျင်းသည်လည်း ကျန်းကျန့်နှင့်ရောလိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။သူက ကျန်းကျန့်က လုပ်နိုင်စွမ်းရှိသည့်လူတစ်ယောက်ဖြစ်ကြောင်း ပို၍ပို၍သိလာသည်။ဤကတ်များနှင့်စပ်လျဥ်း၍တောင်မှ သူက  ဤအကြံမည်သို့ထွက်လာမှန်း မသိချေ။သူတို့နှင့်ကစားပြီးနောက် ယခင်က အံစာတုံးနှင့်ကစားခဲ့သည်က အလွန်ပျင်းစရာကောင်းကြောင်း ခံစားလိုက်ရသည်။

ကျန့်ရီအမြဲတမ်းတွေးမိသည်က ကျန်းကျန့်မှာ အချိန်အတော်ကြာတွေးနေပြီးမှ နောက်ဆုံးစိတ်ဝင်စားစရာကောင်းသည့်အရာများ ထွက်လာသည်ဟုပင်။ထို့ကြောင့် သူက သူတို့ကျန့်မိသားစုအား ရှာတွေ့သွားကာ ဤအရာအပေါ်အမှီပြုပြီးပိုက်ဆံရှာချင်ပါသော်လည်း မမျှော်လင့်ထားစွာဖြင့်...ဤလူက တကယ်ကြီး သူ၏ကြေးစားလူမိုက်များထဲမှတစ်ယောက်အား ရိုက်လိုက်ကာ ပြင်ဆင်ချက်ပင် လုပ်ချင်နေ၏။

“ဟိုင်လေးနဲ့က ရန်ပွဲအသေးစားလေးပါ ဘာမှမဟုတ်ပါဘူး..မင်းတစ်ခြားဘာလိုချင်တာလဲ"ကျန့်ရီက ထပ်မေးလိုက်သည်။

“သခင်ကြီးကျန့် ထူးခြားနေတာမျိုးတွေ မလိုချင်ပါဘူး.လောင်းကစားအိမ်မှာ နာမည်တစ်ခု ငါ့ကိုပေးလိုက်ရင်ရော...ပိုက်ဆံတွေ အလုပ်တွေပေးစရာမလိုဘူး..မင်းသာ လျူဟိုင်ထုန်ကို ကြည့်ထားနိုင်သရွေ့..."ကျန်းကျန့်က အပြုံးလေးနှင့်ဆိုလာ၏။.

ဤသည်အားကြားပြီးနောက် ကျန့်ရီက ကျယ်ကျယ်လောင်လောင်ရယ်လာ၏။

"မင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်..ပြဿနာမရှိဘူး..မင်းက အနာဂတ်မှာ မန်နေဂျာကျန်းလိုမျိုး လောင်းကစားအိမ်ရဲ့မန်နေဂျာတစ်ယောက်ဖြစ်လာမယ်... ပြီးတော့ မင်းရဲ့လစာကလည်း မန်နေဂျာကျန်းနဲ့အတူတူပဲဖြစ်လိမ့်မယ်..မင်းသာ လောင်းကစားအိမ်က တာဝန်ရှိသူတစ်ယောက်မဖြစ်ချင်ရင် အခြားသူတွေအတွက် ချန်ထားလို့ရတယ်...မင်းသာကြိုက်ရင် ငါက ကတ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုဂရုစိုက်ဖို့ မင်းအတွက်ချန်ထားပေးမယ်"

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now