တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

962 95 2
                                    

Chapter 22

ကျန်းမိသားစုက ငွေထုတ်ပေးရ

သူက အနာဂါတ်တွင် ကျန်းမိသားစုအပေါ် မည်သည်ကိုမှ ထပ်မလုပ်ချင်တော့။ ပြီးတော့ အသက်ကြီးနေပြီ ဖြစ်သည့် သားသတ်သမားကျန်းနှင့် သူ့မိန်းမကိုလည်း ရှောင်ရှားချင်သည်။

သဘာဝကျကျပင် သားသတ်သမားကျန်းအတွက် သူ့မိသားစု ပိုင်ဆိုင်မှုများကို ညီညီမျှမျှ ခွဲဝေပေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ရှင်းရှင်းလင်းလင်းပင် စည်းတားကာ ထွက်သွားမည် ဖြစ်သည်။

ကျန်းကျန့်က ရိုးရိုးသားသားပင် များများစားစား မလိုချင်ခဲ့။ သူက ငွေပြားလေးဆယ်ဖြင့် စပါးခင်း နှစ်မူကိုသာ ဝယ်နိုင်သည်။ ဟယ့်ရှီရွာမှ လူများက သူ့ကို အလွန် ထောက်ထားတတ်သည်ဟု တွေးနေကြသော်လည်း ကျန်းမိသားစုတော့ အလွန် ပျော်ရွှင်နေပုံမရချေ။

သူတို့က ကျန်းကျန့်ကို သူတို့ရဲ့ ကျန်တဲ့ ဘဝတလျှောက်လုံးအတွက် အခမဲ့ ရေရှည်အလုပ်သမား တစ်ယောက်လိုပဲ တွေးထားကြတာလေ... ဘယ်လိုလုပ်ပြီး ကျန်းကျန့်ကို ငွေပြားလေးဆယ်နဲ့ ဆန်ငါးအိတ်ပေးပြီးတော့ ထွက်သွားခွင့် ပေးလိုက်နိုင်မှာလဲ... ငွေပြားလေးဆယ်တောင်လေ... အဲ့လောက်ငွေကို သူတို့ ဘယ်နေရာကနေ သွားရှာရမှာလဲ...

သို့သော်လည်း သူတို့က ကျန်းကျန့်၏ မျက်နှာကို မမြင်ချင်လျှင်တောင် သူ့လက်ထဲမှ ယန်ကျင်းကို ကြည့်လိုက်မိသောအခါ အပေးအယူ လုပ်ရန်သာ တတ်နိုင်တော့သည်။

"အစ်ကိုကြီး... အစ်ကို လိုချင်သမျှ အကုန် ပေးပါ့မယ်... အစ်ကိုယန်ကို မြန်မြန် လွှတ်ပေးလိုက်ပါ"

ကျန်းချောင်ရှန့်က ကျန်းကျန့်ကို တိုက်ရိုက်ပင် သဘောတူလိုက်သည်။

"မလုပ်နိုင်ဘူး" ကျန်းကျန့်က ဆိုသည်။

"အစ်ကိုကြီးက စကားကို ပြန်သိမ်းတော့မလို့လား" ကျန်းချောင်ရှန့်က အံ့အားသင့်သွားလေသည်။

"သေချာပေါက် ဘယ်ဟုတ်မလဲ" ကျန်းကျန့်က ပြောလိုက်သည်။

"ဒါပေမယ့် ဒီတစ်ကြိမ်တော့ မင်း ငါ့ကို နာကျင်စေချင်ခဲ့တာလေ... ဒါအတွက် နစ်နာကြေး ပြန်ပေးရမယ်... ရွာအနောက်ဘက်မှာ သက်ကယ်တဲအိမ်လေး ရှိတယ်... အဲ့ဒါကိုလည်း ငါ့ကို ပေးရမယ်... ပြီးတော့ မင်းက တဲအိမ်ကို ပြန်ပြင်ပေးပြီး သန့်ရှင်းပေးရမယ်... ငါ့အတွက် နေလို့ရအောင် လုပ်ပေးပြီးမှ သူ့ကို လွှတ်ပေးနိုင်မယ်"

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now