တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1K 111 1
                                    

CHAPTER 9

- အသက်သခင် ကျေးဇူးရှင်နှင့် အီစီကလီ ဆက်လုပ်နေခြင်း

ကျန်းကျန့်၏ တောတွင်းတွင် ရှင်သန်နိုင်သည့် စွမ်းရည်ကလည်း ကြက်တစ်ကောင်ကို ကိုင်တွယ်နိုင်လောက်သည်အထိ သန်မာနေသေးသည်။ တစ်ခဏကြာပြီးနောက် ကြက်အမွေးအတောင်များကို သန့်ရှင်းပြီးနောက် ကြက်ဝမ်းဗိုက်ထဲမှ ကလီစာများ အားလုံးကိုလည်း ဖယ်ထုတ်ပြီးသွားလေပြီ။

ကျေးလက်နေ လူသားများက ကြက်အူများနှင့် ကြက်သွေးများကိုပင် အချည်းနှီးမဖြစ်စေပေ။ သို့သော်လည်း ကျန်းကျန့်က ကြက်အူများကို ကိုင်တွယ်ရန် နှလုံးသား မရှိပေ။ သူက ၎င်းတို့ကို ဘေးတွင်သာ ဖယ်ထားလိုက်သည်။ အဘွားကြီးကျန်းသာ ၎င်းတို့ကို လိုချင်ပါက သူမဘာသာ ကိုင်တွယ်ခိုင်းလိုက်မည်ဖြစ်သည်။

ကျန်းကျန့်က ကြက်အူများကို မကိုင်လိုက်သော်လည်း ပထမဦးဆုံးအကြိမ်အဖြစ် ကြက်အသည်းကို ဆေးကာ ဆန်ပြုတ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။

ခေတ်သစ်တွင် လူအများက ကိုလစ်စထရော မြင့်မားသည့်အတွက် ကြက်အသည်းကို မစားကြသော်လည်း ယခုတွင်မူ...

ကျန်းကျန့်က တိရိစ္ဆာန်များ၏ ကိုယ်တွင်းအင်္ဂါများကို စားသုံးခြင်းက သူ့ခန္ဓါကိုယ်အတွက် ကောင်းကျိုးများရှိကြောင်း သေချာသိနေသည်။

တိရိစ္ဆာန် ကလီစာများက ကယ်လိုရီနှင့် အဆီတို့ မြင့်မားပြီး ဗီတာမင်နှင့် သတ္တုဓါတ်တို့ ပြည့်ဝကာ များသောအားဖြင့် ၎င်းတို့က သူလတ်တလော ပြတ်လပ်နေသည့် အရာများသာ ဖြစ်ကြသည်။

ကြက်အသည်းကို အိုးထဲသို့ ပစ်ထည့်၍ ပြုတ်လိုက်ပြီးနောက် ကျန်းကျန့်က ကြက်ရင်ပုံနှစ်ခုကို ဆွဲခွာကာ နှုတ်နှုတ်စင်းလိုက်ပြီး ဆန်ပြုတ်အိုးထဲသို့ ထည့်ပြုတ်လိုက်သည်။ ထို့နောက် ကျန်သည့် အပိုင်းအစများကို မြေအိုးတိမ်တိမ်လေးထဲသို့ ထည့်ကာ ပေါင်းခံအိုးထဲတွင် ထည့်ပေါင်းလိုက်သည်။

ကျန်းကျန့်က ဆန်ပြုတ်ကို အချိန်အကြာကြီး ချက်ပြုတ်ပြီးနောက် သောက်လိုက်သည်။ အဆုံးတွင် သူက နောက်ထပ် မြေအိုးတစ်လုံးကို ရှာတွေ့သွားပြီး ၎င်းကို မနက်ဖြန်အတွက် တတိယ၏ အိမ်ထဲသို့ ထည့်ထားလိုက်လေသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now