တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

851 84 0
                                    

Chapter 18

:တန်ပြန်အစီအမံများကို ဆွေးနွေးခြင်း

ကျန်းချောင်ရှန့်က စီရင်စုမြို့မှာ နေထိုင်ပြီး သူ့ကိုယ်သူ ထောက်ပံ့ဖို့အတွက် ဝင်ငွေအလုံအလောက်ရှိသောကြောင့်အဘိုးကြီး ကျန်းက သူ့ကို ပိုက်ဆံပေးမဲ့အစား ဆန်၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့် တခြားပစ္စည်းတွေကို မကြာခဏ ပို့ပေးသည့်အတွက် သူ့အနေဖြင့်ဆန်နှင့်အသီးအရွက်တွေအတွက် ပိုက်ဆံနည်းနည်းမှကုန်စရာမလိုပါချေ။သို့သော်လည်း မကြာသေးမီက ကျန်းမိသားစုတွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ကျန်းကျန့်က နေ့တိုင်း အိမ်တွင် သခင်တစ်ယောက်လို ပြုမူပြီး သူတို့ကို အကြောက်အလန့်လွန်စေသဖြင့် ကျန်းချောင်ရှန့်ဆီသို့ ပစ္စည်းပို့ရန် မေ့သွားကြသည်။

ယခု ဆုံးဖြတ်ချက်ချပြီးသောအခါ သားသတ်သမားကျန်းသည် ကျန်းချောင်ရှန့်အား ပေးလိုသောပစ္စည်းများကို စတင်ထုပ်ပိုးလိုက်သည်။

သူ့အနေဖြင့်  ယခု ဆန်များများ ပေးရမည်။မည်သို့ပင်ဖြစ်စေ သူ့တတိယသားက အခု မိန်းမရသွားပြီဖြစ်လေရာ လူနှစ်ယောက် စားဖို့ လုံလောက်အောင် ယူသွားရမည်။ အသီးအရွက်ကိုလည်း ပိုယူသွားသင့်၏။ ဤအရာနှစ်ခုမှလွဲ၍ အခြားသူများထံမှ ၎င်းတို့ကိုဝယ်ရန် ငွေသုံးစွဲခြင်းသည် မထိုက်တန်ပါချေ။ အရင်တုန်းက သားသတ်သမားကျန်းက မြို့ကိုသွားတိုင်း ငါး၊ ပုစွန်၊ ဥတွေ ယူလာပေးပေမဲ့ ဤတစ်ခါတွင် အားလုံးကုန်သွားကြလေပြီ။

အိမ်မှာ ကြက်နှစ်ကောင်ပဲ ကျန်တော့သည်။ ကျန်းကျန့်က တစ်ကောင်ကို သတ်ပြီး နေ့တိုင်း ကြက်ဥနှစ်လုံးကို စားရမှဖြစ်မည်ဟု ဆိုခဲ့သည်။ကျန်းချောင်ရှန့်အတွက် အပိုကြက်ဥတွေ ဘယ်ကနေ ရနိုင်ပါမည်နည်း။

ပြီးလျှင် ငါးနှင့် ပုစွန်တို့လည်းအတူတူပါပင်။အရင်တုန်း လယ်ကွင်းထဲမှာ အလုပ်အားလုံးကို လုပ်ခဲ့သူက အကြီးဆုံးကျန်းဖြစ်သည်။သားသတ်သမားကျန်းက  ငါးနှင့်ပုစွန်များကို ရှာဖွေရန် အားလပ်နေခဲ့သည်။ယခု ကျန်းကျန့်က မည်သည့်အလုပ်ကိုမျှ မလုပ်လိုတော့သဖြင့် သားသတ်သမားကျန်းလည်း ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now