chapter 98

912 124 1
                                    

Chapter 98
Imperial MeowJuly 24, 2023
Chapter 98

နောက်လိုက်များအားလုံးကို ဖမ်းမိရန်အတွက် ဦးစွာခေါင်းဆောင်ကို ဖမ်းပါ





ပင်လယ်ဓားပြတွေက အော်ဟစ်နေချိန်မှာ တစ်ယောက်ယောက်က လှေပေါ်ကို တက်နေပြီဖြစ်သည်။

ကွမ်းဖျင်ဘက်ခြမ်းက လူအများစုက ရေမကူးတတ်ကြပေမဲ့ ရေကူးသည်က လေ့ကျင့်၍ရ၏။

ကွမ်းဖျင်စီရင်စုနယ်တွင် မိုးခေါင်ရေရှားပြီးနောက်၊ အချို့သောသူတို့သည် ဓားပြဖြစ်လာရန် ဤနေရာသို့ ရောက်လာကြသည်။ အစပိုင်းတွင် လှေအချို့ကိုသာ လုယက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် အလွန်အရည်အချင်းရှိသူ တစ်ဦး ထွက်လာခဲ့သည်။ သူသည် ဤဒေသရှိ ရေဓားပြများအားလုံးကို စုစည်းခဲ့သောကြောင့် လှေကြီးများကို လုယက်နိုင်ကာ မကြာမီပင် ၎င်းတို့၏ ရွက်လွှင့်ခြင်းနှင့် ရေကူးခြင်းတို့မှာ ပိုပိုကောင်းလာခဲသည်။

“သခင်လေး အနောက်မှာ ပုန်းနေလိုက်ပါ”

လုတက ပြောလိုက်၏။

ကျန့်ရီကို ထွက်ပြေးခိုင်းပြီးနောက် သူတိုက်ပွဲကို အမိန့်ပေးမှာဖြစ်သည်။ ထို့နောက်တွင် တစ်စုံတစ်ယောက်က ထိုပင်လယ်ဓားပြများနှင့် တိုက်ခိုက်နေနှင့်ပြီဖြစ်ကြောင်း သူသိလိုက်ရသည်။

ကျောက်ကျင်းကော နှင့် ကျန်းကျန့်၏လူများသည် ဝါးလုံးတစ်ခုစီကိုင်ဆောင်ကာ လှေနံဘေးတွင်ရပ်နေခဲ့သည်။ ဓားပြတွေ တက်လာသည်နှင့်တပြိုင်နက် ဝါးလုံးနှင့် ထိုးချကြသည်။

ချွန်ထက်သော ဝါးလုံး၏ အစွန်းသည် ဓားကြီးကြီးထက်ပင် ပိုကောင်းသည်။

ရေဓားပြများ ပစ်ခတ်သော လေးနှင့် မြှားများအတွက်မူ... . . တစ်ချို့လူတွေက ဘယ်မှာမှန်းမသိသည့် စားပွဲ၊ ကုလားထိုင်တွေ သစ်သားပြား တွေရလာသည့်အတွက် ခေါင်း၊ မျက်နှာနှင့် ရင်ဘတ်တွေကို ပိတ်ဆို့ကာကွယ်ထားနိုင်လေသည်။

၎င်းတို့သည် အုပ်စု သုံးအုပ်စုဖွဲ့ကာ ဝါးလုံးက နှစ်ဖွဲ့၊ ဒိုင်းတစ်ဖွဲ့ဖြင့် ဓားပြအများအပြားကို ဖြိုခွင်းခဲ့သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now