တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1K 131 0
                                    

Chapter 76
Imperial MeowJuly 24, 2023
Chapter 76

:လောင်းကစားအိမ်၏မန်နေဂျာအသစ်





ကျန်းကျန့်က သခင်လေးကျန့်အား တစ်ချက်ကြည့်လိုက်ပြီး ကျောက်ကျင်းကောအား သူနှင့်သိပ်မဝေးလှသည့် ပြတင်းပေါက်နား ထိုင်ရန်ခေါ်သွားလိုက်သည်။

ယင်းက ကျောက်ကျင်းကောအတွက် ထိုနေရာမျိုးသို့လာသည့်ပထမဆုံးအကြိမ်ဖြစ်၍ သူက မလွယ်မကူဖြစ်နေပြီး အရာအားလုံးအားသိချင်နေ၏။သူက ပြတင်းပေါက်အပြင်ဘက်အား ကြည့်နေသည်။

“စောသေးတယ် မင်းအရင်ဆုံးပြတင်းပေါက်ဘေးမှာနေလို့ရတယ်"ကျန်းကျန့်က ဆိုလာ၏။

“ကောင်းပါ့မလား"

ကျောက်ကျင်းကောက စိုးရိမ်တကြီးမေးလာ၏။သူတို့နှင့်အပြင် ဤနေရာတွင် လူများစွာရှိနေ၏။သူသာ ပြတင်းပေါက်နားရပ်နေပြီး အပြင်ဘက်အားကြည့်နေပါက ကျန်းကျန်ကို အရှက်ရအောင်လုပ်သလိုဖြစ်သွားမလား။

“ကိစ္စမရှိဘူး"ကျန်းကျန့်က ပြုံးလိုက်သော်ငြား ကျောက်ကျင်းကောက မမြင်လိုက်ရချေ။သူသာ ကြည့်ချင်ပါက သူ့ခံယူချက်အရ ယင်းအားရှက်စရာမရှိပေ။

ကျန်းကျန့်က ဤသို့ပြောလိုက်သောအခါ ကျောက်ကျင်းကောက ပြတင်းပေါက်ဆီသွားလိုက်ရင်း မျက်လုံးအပြူးသားနှင့် အပြင်ဘက်သို့ ကြည့်လိုက်လေ၏။

စားသောက်ဆိုင်တွင် အထပ်နှစ်ထပ်သာရှိ၍ ဤပြတင်းပေါက်မှ ထူးထူးခြားခြားတစ်ခုမှမမြင်နိုင်ချေ။သို့သော်ငြား ကျောက်ကျင်းကောအတွက် ဤသည်က အလွန်ကြီးမြတ်သည့်အတွေ့အကြုံဖြစ်၍ သူက သဘောကျကာ လှည့်ပတ်ကြည့်နေ၏။

“ကျန်းကျန့်...ကျွန်တော်တို့က အခု တခြားသူတွေရဲ့ခေါင်းပေါ်ရောက်နေပြီကော"ကျောက်ကျင်းကောက ဆိုလာ၏။

“ဖွီး..."ကျောက်ကျင်းကော၏အပြုအမူက အလွန်ရယ်စရာကောင်းသည်ဟု တွေးလိုက်မိကာ သခင်လေးကျန့်က ရယ်မောလိုက်သည်။

ကျန်းကျန့်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်က ကျောက်ကျင်းကောက မျက်နှာထက် ရှက်သွေးဖြာပြီး ထိုင်ချသွားသည်ထိပင်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now