chapter 96

731 102 0
                                    

Chapter 96
Imperial MeowJuly 24, 2023
Chapter 96

ပင်လယ်ဓားပြများနှင့် တွေ့ဆုံခြင်း





ကျန်းကျန့် ပုံမှန်ပြန်ဖြစ်သွားသည့်အခါ ကျောက်ကျင်းကောအနေဖြင့် သူ့စကားတွေကို ပိုတွေးမိလာပြီး သူဆိုလိုသည့် အဓိပ္ပာယ်ကို သဘာဝအတိုင်း ကြားလိုက်ရသည်။

“ခင်ဗျား. . . ဒေါသမထွက်ဘူးလား"

"ဒေါသထွက်တာလား"

ကျန်းကျန့် အနည်းငယ် အံ့အားသင့်သွားကာ ချက်ချင်းပင်​ပြောလိုက်သည်

"နည်းနည်းတော့ ရှိသေးတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့...လုတကိုနောက်ထပ် သင်ခန်းစာတွေ ထပ်ပေးဖို့ အခွင့်အရေးကို ရှာတွေ့မှာပါ"

ကျောက်ကျင်းကော အံ့အားသင့်သွားရပြန်သည်။

"ခင်ဗျား ကျွန်တော့ကိုဒေါသမထွက်ဘူးလား"

"မင်းကို ကိုယ်ကဒေါသထွက်နေတယ်ထင်တာလား"

ကျန်းကျန့် ယခင်က ဒေါသအတော်လေးထွက်နေသဖြင့် ကျောက်ကျင်းကော၏ အတွေးအမြင်ကို ဂရုမစိုက်နိုင်ခဲ့သော်လည်း ယခု ကျောက်ကျင်းကော ၏ သဘောထားက ဘာကြောင့် ဤမျှထူးဆန်းပြီး သူ့ဘာသာသူ အစပျိုး၍ မိမိကို လာသွေးဆောင်ရသလဲဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

"နည်းနည်း​တော့​ဒေါသထွက်​​နေတာပေါ့... ဒီအကြောင်းပြောရင် ကျင်းကော... ကိုယ် မင်းကိုပြောပြမယ်"

ကျန်းကျန့်က ပြောလိုက်သည်။

ကျောက်ကျင်းကော ရုတ်တရက် အနည်းငယ်စိုးရိမ်လာသော်လည်း မကြာမီ သူဆက်မစိုးရိမ်နိုင်တော့ပေ။ကျန်းကျန့်က သူ့လက်ကို သူ့ဘောင်းဘီရှည်ထဲ ထည့်လိုက်တယ်...

“အဲဒီတုန်းက သူတို့ထဲက တော်တော်များများရှိပေမဲ့ မင်းကတစ်ယောက်တည်းပဲ... ပုန်းရမယ်လို့ ဘာကြောင့် မသိခဲ့တာလဲ... မပုန်းဘူးဆိုရင်တောင် မင်းကကောတစ်ယောက်ပါလို့ အော်ရမယ်... ယောက်ျားအများကြီး မင်းကို အနိုင်ကျင့်ဖို့ ကြိုးစားတယ်လို့ မင်းပြောရင် သူတို့က မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး...”

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now