တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

827 104 1
                                    

Chapter 39
Imperial MeowJuly 20, 2023
Chapter 39





သူက ​ငွေအလုံအ​လောက် မရှာနိုင်သည်ကို မဆိုထားနှင့် ရွာသားအများစုက သူကဲ့သို့​သော အပြင်လူများကို ငြင်းဆန်ခဲ့ကြသည်။ သူ​တွေးရဲသည့် တစ်ခုတည်း​​သော အရာမှာ သူ့​ကောသား​​လေးကို ကမ်း​​ပေါ်တွင် ​နေထိုင်ကြသည့် ​ယောက္ခမများအိမ်သို့ လက်ထပ်ပြီး ဝင်​ရောက်ခိုင်းရန်သာ ဖြစ်သည်။

ကျန်းကျန့်က သူ့အား ယာယီ​နေထိုင်ခွင့်သာ ​ပေးခြင်း ဖြစ်ပါ​သော်လည်း သူက အလွန်အမင်း ​ကျေးဇူးတင်မိ​နေဆဲ ဖြစ်သည်။

စန်း​ရှောင်ရှန်းက ဖျားနာ​နေပြီး လမ်းမ​လျှောက်နိုင်သဖြင့် ဝမ်ဟိုင်ရှန်းက ​ကျော​ပေါ်တွင် သယ်ပိုးလာခဲ့ရသည်။ သူတို့က ကျန်းကျန့်၏ အိမ်သို့ အုပ်စုလိုက် ​ရောက်သွားကြ​လေသည်။

လမ်းတ​လျှောက်တွင် သူတို့က ဟယ့်ရှီရွာထဲမှ ရွာသားအချို့နှင့် ​တွေ့ခဲ့ကြသည်။

ဝမ်ဟိုင်ရှန်းက ဤ​နေရာတွင် ​နေထိုင်ခဲ့သည်မှာ ကာလအ​တော်ကြာ​နေပြီ ဖြစ်၍ သူသည်လည်း ဤရွာထဲမှ လူအချို့နှင့် သိကျွမ်း​​သည်။ သို့​သော်လည်း ထိုသူများမှာ သူ့ဘဝထဲသို့ ခပ်မြန်မြန် ဝင်လာကြပြီး သူ့အတွက် အလွန် ခြားနားခြင်း မရှိ​ပေ။ ထိုအ​ကြောင်း​ကြောင့် သူက ကျန်းကျန့်​နောက်သို့ လိုက်သွားပြီး​နောက် တစ်​စုံတစ်​ယောက်က ကျန်းကျန့်အား သူတို့ကို နှင်ထုတ်လိုက်ရန်အတွက် ​ပြောမည်ကို စိုးရိမ်​နေခဲ့ရသည်။

ရလဒ်အ​နေဖြင့်...

ဝမ်ဟိုင်ရှန်းက ​ဘေးပတ်လည်ကို န​ဝေတိမ်​တောင်ဖြင့် လှည့်ကြည့်လိုက်ပြီး သူတို့ကို မြင်သည်နှင့် ရွာသားများက မည်သည့်အတွက်​ကြောင့် မြန်မြန် ထွက်​ပြေးသွားကြသည်ကို နားမလည်နိုင်ခဲ့​ပေ။

သူက အဲ့​လောက် ​ကြောက်စရာ ​ကောင်း​နေလို့လား...

ဝမ်ဟိုင်ရှန်းက ဖြစ်ပျက်​နေသည့် အရာများအား နားမလည်နိုင်ရသလို သူ့​ဘေးမှ က​လေး နှစ်​ယောက်မှာလည်း ရှုပ်​ထွေး​နေရသည်။ ရွာထဲမှ က​လေးများက သူတို့နှင့် ကစားရမည်ကို သ​ဘောမကျကြဘဲ ယခင်က ရံဖန်ရံခါ အနိုင်ကျင့်လေ့ ရှိ​ကြသည်။ သို့​သော်လည်း သူတို့(ရွာထဲမှ က​လေးများ)က သူတို့အား တစ်ခါမှ မ​ကြောက်ခဲ့ဖူးကြပါ​ပေ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now