တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်

1K 123 4
                                    

Chapter 49
Imperial MeowJuly 21, 2023
Chapter 49

မနက်ဖြန်တွင် လာတင်တောင်းမည်



မော်ဒန်ခေတ်တွင် သူ့မှာ မိသားစုမရှိသောကြောင့် မိသားစုမျိုးရိုးဆက်ခံရန် မလိုအပ်ပေ။ထို့အပြင် သူသည်ကိုရောက်လာသည့်အခါ ထိုမကောင်းသော ကျန်းမိသားစုအတွက်  မျိုးရိုးနာမည်ကို ဆက်ခံထားရန် မလိုအပ်ပါချေ။ ထုံးစံအတိုင်း မျိုးရိုးအမည်တစ်ခုအတွက် တိုက်ပွဲဝင်ရန်မလိုအပ်ပေ။ ထို့အပြင် မိသားစုတစ်ခုထဲကို လက်ထပ်ဝင်ခြင်းနှင့် ဇနီးတစ်ယောက် ကိုလက်ထပ်ယူခြင်းကြားတွင် ကွာခြားမှုများစွာမရှိပေ. . .

ထို့အပြင် သူသိသလောက် ကျေးလက်တွင် သမက်ကိုမိသားစုထဲလက်ထပ်ခေါ်သွင်းသော မိသားစုများသည် ယေဘုယျအားဖြင့် သမက်ကို ချုပ်ကိုင်ထားကြသည်။ ယခုခေတ်တွင် ဇနီးသည်က ထွက်ပြေးနိုင်သလို ယောက်ျားတစ်ယောက်ကလည်း ထွက်ပြေးနိုင်သော်လည်း မိသားစုကို စောင့်ရှောက်ရန်သင်ကြားဆုံးမခံထားရသည့် အမျိုးသမီးများထက် အမျိုးသားများက ထွက်ပြေးနိုင်ခြေပိုများသည်။မှန်သည်ပင်၊အကြီးဆုံးကျန်းကဲ့သို့ ဖိနှိပ်ခံနေရသော အမျိုးသားများလည်း ရှိသေးပြီး မည်သို့ ထွက်ပြေးရမည်ကို မသိသော အမျိုးသားများလည်း ရှိပါသေးသည်။

ထိုပုဂ္ဂိုလ်မျိုးက ထိုကဲသို့ပြုမူလေလေ သူတို့မိသားစုအတွက် နေ့စဥ်နေ့တိုင်း စိတ်ကြီးဝင်ခြင်းများပိုကြီးထွားလာရန်လွယ်လေလေဖြစ်သည်။

သို့ပေမဲ့ သမက်က ယောက်ျားအရင့်အမာကြီးဆိုပါက သူသည် မိသားစု၏ မဏ္ဍိုင်ဖြစ်ပေလိမ့်မည်။မည်သူက သူ့ကို ဒုက္ခဖြစ်စေနိုင်ပါမည်နည်း။ထို့ကြောင့် အခု အိမ်ထောင်ပြုရန် စိတ်ပူစရာ မလိုတော့ပေ။ကျောက်ကျင်းကောကို ဘာလက်ဆောင်ပေးရမလဲဆိုသည်ကို အဖြေရှာရန်ပဲလို၏။

ကျန်းကျန့် သူ့အိမ်သို့ ပြန်သွားပြီး ဟင်းချက်ရင်း ဤကိစ္စကို စဉ်းစားနေချိန်တွင် ကျောက်ကျင်းကော နှင့် သူ့မိခင်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားမပြောနိုင်ဘဲ ဖြစ်နေသည်။ ခဏအကြာတွင် ဦးစွာပြောသောလူမှာ ကျောက်လျူ ဖြစ်သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now