တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

914 122 0
                                    

Chapter 80
Imperial MeowJuly 24, 2023
Chapter 80

-လောင်းကစားအိမ်အား ပိတ်လိုက်ခြင်း







သူက ယနေ့ ဤနေရာသို့ သူတို့အားခေါ်လာရသည့် အကြောင်းရင်းများစွာရှိလေ၏။တစ်ခုက လောင်းကစားအိမ်ကြောင့်ဖြစ်သည်။သူနှင့်လျူဟိုင်ထုန်က ယခင်က ပြင်းထန်သည့်ရန်ပွဲရှိခဲ့၍ လောင်းကစားအိမ်ရှိလူများလည်း ဤအကြောင်းသိလောက်သည်။ယခုအချိန်၌ သူသာ တစ်ခုခုမပြောပါက လောင်းကစားအိမ်ရှိလူများက သူ့အားအထင်မြင်သေးကြမည်ဖြစ်၍ သူက သူ၏လုပ်ပိုင်ခွင့်အားပြရန် နည်းလမ်းတစ်ခုလိုပေ၏။အခြားအကြောင်းရင်းတစ်ခုကလည်း ဤကြေးစားလူမိုက်များအား လောင်းကစားအိမ်မှ ခေါ်ထုတ်သွားရန်ဖြစ်သည်။

အတွင်းတွင် စုစုပေါင်းကြေးစားကိုးယောက်ရှိပြီး သုံးယောက်က စီရင်စုမြို့မှဖြစ်သည်။သူတို့က မန်နေဂျာကျန်းနှင့်ဘက်တူကာ ကြေးစားခေါင်းဆောင်လျူဟိုင်ထုန်နှင့်လည်း သဘောထားချင်းမညီကြပေ။သို့သော်ငြား ကျန်သူများက လျူဟိုင်ထုန်ဘက်တော်သားများဖြစ်သည်။

ဤလူများက လျူဟိုင်ထုန်ဦးဆောင်မှုနောက်လိုက်ကြလေ၏။သူအတွက် သူတို့အားထိန်းထားရန်က မကောင်းလှသော်လည်း မောင်းထုတ်လိုက်ရန်ကလည်း မဖြစ်နိုင်ချေ။ထို့ကြောင့် သူက သူတို့အားလုံးအား လျူဟိုင်ထုန်အောင်းနေသည့် ဤနေရာသို့ ခေါ်သွားလိုက်ရုံသာရှိသည်။

လျူဟိုင်ထုန်ကဲ့သို့ပင် ဤလူများက လောင်းကစားအိမ်အား အမှားမလုပ်ရဲသလို ထွက်လည်းထွက်မသွားရဲပေ။သူတို့အများစုက သူ့နောက်လိုက်ကြမည်ဖြစ်ပြီး လျူဟိုင်ထုန်၏အသိုက်အမြုံအား ကူပြီးဖျက်ဆီးသောအခါ လျူဟိုင်ထုန်ဘက် ကြာကြာရပ်နိုင်တော့မည်မဟုတ်။သူတို့က သူ့နောက်သို့ လုံးဝဥဿုံလိုက်ရတော့မည်ဖြစ်သည်

ထို့ပြင် အခြားအကြောင်းရင်းတစ်ခုက....သူ၏ဂုဏ်သတင်းအား မြင့်တင်ပြီး လူများအား သူက သွားရှုပ်ရန်လွယ်သည့်သူမဟုတ်ကြောင်း သိစေခြင်းပင်။ကျန်းကျန့်က သူ့အားကြောက်ရွံ့ရိုသေနေကြပြီး စိတ်ကောင်းရှိကြသည့် ချောင်းထုန်ရွာသားများအား လှည့်ပတ်ကြည့်နေ၏။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now