chapter 101

1K 146 5
                                    

Chapter 101
Imperial MeowAugust 05, 2023
Chapter 101

:အသားမြင်လျှင် အန်ခြင်း



ကျန်းကျန့်က အထူးကုဆရာဝန်မဟုတ်၊လက်သင်ပင်မဟုတ်ပါချေ။သူ့လက်ထဲတွင်ရှိသောအရာကား ပို၍ပင် မကျွမ်းကျင်သေးပေသည်။

လူများစွာ၏ ဒဏ်ရာများကို ချုပ်ထားရန် သူ မကူညီနိုင်ခဲ့ရာ ကံတရားကစီရင်ချက်ချပြီးသားကိစ္စဖြစ်သည်။

ကျန်းကျန့် ဒဏ်ရာများကို ချုပ်လိုက်ပြီးသည့်နောက်၌ပင် သင်္ဘောပေါ်ရှိလူများသည် ဆက်လက်သေဆုံးကြပြီး ထိုလူများသေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ သွေးအလွန်အကျွံဆုံးရှုံးခြင်းပင်ဖြစ်သည်။

သူ့ဘေးနားကလူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်ကိုကြည့်ရင်း အားလုံးက စိတ်အခြေအနေမကောင်းဖြစ်နေကြပြီး ကျန်းကျန့်လည်း အတူတူပါပင်။

ရှေးခေတ်က သူထင်ထားသည်ထက် ပိုအန္တရာယ်များ၏။

ကျန်းကျန့် အနာဂတ်တွင် ပို၍သတိထားရမည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့သည်. . . ဆေးပညာဗဟုသုတ အလွန်ညံ့ဖျင်းသော ဤနေရာ၌ လုံလောက်စွာသတိမထားမိပါက အသက်ဆုံးရှုံးရပေလိမ့်မည်။

သူ ၎င်းကို တွေးနေချိန်တွင် ကျန်းကျန့်ကို သူ့ဒဏ်ရာတွေကို ချုပ်စေချင်သည့် သင်္ဘောသားတစ်ယောက် အသက်ရှုရပ်သွားခဲ့သည်။

ကျန်းကျန့် သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ သူ့လက်ကို  ဖြူဖွေးအမြုပ်တစီစိထအောင် ဆေးကြောပြီးနေစေကာမူ သူ့လက်ကို ကျိုထားသောရေဖြင့် နှစ်ကြိမ်ပြန်ဆေးခဲ့ကာ သူ့မျက်လုံးများက လူအုပ်ထဲရှိ ကျောက်ကျင်းကောကို စတင်ရှာဖွေတော့သည်။

ကျောက်ကျင်းကောက သူ့အား အမြဲတစေ တွယ်ကပ်နေပြီး သူနှင့် အမြဲတမ်း ခွဲမရအောင် ဖြစ်နေသော်လည်း ယခု သူဘာကြောင့် သူ့အနားတွင် ရှိမနေသည်လဲ သူ မသိ. . .

ကြောက်လို့လား. . .

ကျန်းကျန့် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ လူတော်တော်များများက သူ့ကို ကြောက်ရွံ့သည့် အမူအရာတွေနှင့် ကြည့်နေကြသည်ကို တွေ့လိုက်။ လက်ရှိအချိန်မှာ သူ့ဘေးမှာ ရပ်နေနိုင်သူအရေအတွက်က အလွန်နည်း၏။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now