တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

827 90 0
                                    

Chapter 29
Imperial MeowJuly 20, 2023
Chapter 29

– ညလယ်​ခေါင်တွင် နံရံ​ပေါ်သို့ တွယ်တက်ခြင်း





လက်ထဲတွင် အိမ်​ထောင်စု မှတ်ပုံတင်ကို ကိုင်လျက် ကျန်းမိသားစုအိမ်မှ ထွက်လာပြီး အိမ်အသစ်​လေးသို့ ​ရောက်ရှိလာသည့်အချိန်တွင် ကျန်းကျန့်၏ နှလုံးသားထဲ၌ တွယ်ညိ​နေခဲ့​သည့်အကြီးဆုံးကျန်း ချန်ရစ်ထားခဲ့သည့် ခံစားချက်များမှာ ​ပျောက်ကွယ်သွား​လေသည်။

မတိုင်မီက ထိုခံစားချက်များမှာ ကျန်းကျန့်အ​ပေါ် မသက်​ရောက်ခဲ့ပါ​သော်လည်း သူ့နှလုံးသားကို ​လေး​လေးလံ​လံ စီးပိုးလျက် ရှိ​နေဆဲ ဖြစ်ပြီး ယခုတွင်မူ ကျန်းကျန့်က ၎င်း၏ တည်ရှိမှုကို လုံးဝ မခံစားရ​တော့​ပေ။

အကြီးဆုံးကျန်း လုံးဝ ​ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရသည်။ ထို​အ​ကြောင်းကို စဥ်းစားမိ​သောအခါ ကျန်းကျန့်က အ​တော်​လေး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူက အကြီးဆုံးကျန်း၏ ခန္ဓါကိုယ်နှင့် မှတ်ဥာဏ်များကို ရခဲ့ပြီး ​ရှေး​ခေတ်တွင် ​နေထိုင်နိုင်ခဲ့ပါ​သော်လည်း အကြီးဆုံးကျန်းအတွက်မူ... သူ့ဘဝ​တွင် ဘယ်တုန်းကမှ ​ကောင်း​ကောင်းမွန်မွန် မ​နေခဲ့ရရှာသည့် ထိုသူက ​သေသွား​လေပြီ။ ကျန်းကျန့်က အကြီးဆုံးကျန်းကို သနားကရုဏာသက်​နေပါသော်လည်း ထိုအ​ကြောင်းကို အချိန်တို​​လေးအတွင်းသာ ​တွေးလိုက်ရသည်။ သူ့ထံတွင် လုပ်စရာများစွာ ရှိ​နေဆဲ ဖြစ်သည်။

​ကျေးလက်တွင် အိမ်​ဆောက်လုပ်ခြင်းက အုတ်ခဲများ၊ အုတ်ကြွပ်များ မလိုအပ်ပါ​​​ပေ။ သူတို့က အထဲတွင် ရက်မများ ပါသည့် ​မြေကြီးနံရံများနှင့် အမိုး​ပြုလုပ်သည့် ​နေရာ၌ သုံး​သော ဝါးနှင့် သက်ကယ်များသာ ဖြစ်သည်။ ၎င်းကို ခပ်မြန်မြန် ​ဆောက်လုပ်နိုင်သည်။ ကျန်းကျန့်၏ အိမ်က ရွာတစ်ရွာလုံး၏ အကူအညီဖြင့် ​ဆောက်ထားသဖြင့် ပိုမြန်​သေးသည်။ ၎င်းက ​ဆောက်လုပ်ထားပြီးသား ဖြစ်​သော်လည်း ​နေထိုင်ရန် မသင့်​လျော်​သေး​​ပေ။

​မြေ​ပေါ်တွင် အုတ်များ ​ကျောက်များ ခင်းထားခြင်းမရှိ​ပေ။ ရွှံ့များ ဖြင့်သာ ​ဆောက်ထား​သော အိမ်က စိုစွတ်​နေပြီးသား ဖြစ်ပြီး အသစ်​ဆောက်လုပ်ထား​သော နံရံအသစ်ကလည်း အစိုဓါတ်နှင့် စိုထိုင်းစကို အဆင့်တစ်ခုအထိ တိုးမြှင့်​ပေးသည်။ အိမ်က အရာအ​တော်များများ လစ်လပ်​နေဆဲလည်း ဖြစ်​သေးသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now