တစ်ဦးတည်းသောချစ်ဇနီး

1.2K 124 1
                                    

CHAPTER 5
- ငါ့ကို လာမရှုပ်နဲ့

ကျန်းကျန့်က အိမ်ထဲတွင် အနားယူ​​နေ​သော်လည်း အပြင်ဘက်မှ ကျန်ရှိ​နေ​သော ကျန်းမိသားစုဝင်များမှာ သူတို့၏ ​​ချွေးမအသစ်စက်စက်​လေးကို ​တွေ့ဆုံ​နေကြသည်။

ယန့်ကျီမြစ်၏ ​တောင်ဘက်တွင် စာ​ရေးစာဖတ် လုပ်နိုင်သူ များစွာ မရှိ​ပေ။ ထို့​ကြောင့် သူတို့အတွက် စာသင်သား စာ​​မေးပွဲကို ​အောင်နိုင်ရန် ခက်ခဲကြသည်။ ကျန်း​ချောင်ရှန့်၏ ဇနီးအသစ်​လေး ကျူးရှုဖန်က စာသင်သားတစ်​ယောက်၏ သမီးဖြစ်ပြီး သူမ၏ ဖခင် ကျူးရှို့ချိုက်မှာ စာ​​မေးပွဲတွင် ​ရွေးချယ်ခံရရန်အတွက် ​မျှော်လင့်ထားကြသည်။ ထိုအ​ကြောင်း​ကြောင့် ကျန်းမိသားစုက မင်္ဂလာပွဲကို လွန်စွာ အ​လေးအနက် ထားကြပြီး သူမကို လက်ထပ်ရန်အတွက် ​ငွေအ​မြောက်အများ သုံးစွဲထားကြရုံသာမက သူမကို တ​​လေးတစား ရှိ​ကြသည်။

သို့​​သော်လည်း ထိုသို့ ဖြစ်​နေလျှင်​တောင် ကျူးရှုဖန်က မ​ပျော်မရွှင် ဖြစ်​နေဆဲပင်။

မ​နေ့ညက သူမ၏ မင်္ဂလာဦးညတွင် သူမခင်ပွန်းနှင့် စကား​ပြောရန် ကြိုးပမ်းခဲ့သည်။ အပြင်ဘက်က အလွန်ဆူညံလှသည်။ သူမ၏ ​ယောက္ခမက ခဲအို ဖြစ်သူကို အ​ပေါက်ဆိုးစွာ ဆဲ​ရေး​နေခဲ့သည်။

သူမ၏ ခဲအို စိတ်လွတ်​နေပြီး စကားလည်း မ​ပြောနိုင် အလုပ်လည်း မလုပ်နိုင်လျှင်​တောင် သူမ၏ ​ယောက္ခမက ထိုသို့ ပြုမူသည့်အတွက် အရှက်ရသင့်သည်။

ကျူးရှုဖန်က နှုတ်ခမ်းကို တင်းတင်း​စေ့လိုက်ပြီး အမျိုးသမီးကျန်းကို ပထမဆုံးအကြိမ် အထင်အမြင်​သေးသွား​သော်လည်း သူမ၏ မျက်နှာ​ပေါ်တွင် ​ဖော်ပြမထား​ပေ။ သူမက နူးညံ့ပြီး ပျူငှာသည့် ပုံစံ​လေး ​ပေါ်လွင်​နေဆဲ ဖြစ်သည်။

"ရှုဖန်... အ​မေ သမီးအတွက် သကြားရည်ကြက်ဥ လုပ်​ပေးထားတယ်... စားလိုက်​နော်"

အဘွားကြီးကျန်းက ကျူးရှုဖန်၏ ​ရှေ့တွင် ပန်ကန်လုံးတစ်လုံး ထား​ပေးလိုက်သည်။ ထိုအထဲတွင် ကြက်ဥပြုတ်နှစ်လုံးနှင့် သကြားညိုရည်တို့ ရှိ​နေသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now