တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

878 120 0
                                    

Chapter 82
Imperial MeowJuly 24, 2023
Chapter 82

သူ့လူများကို လေ့ကျင့်ပေးခြင်း



"မင်းငါ့ကိုဘာလို့ ဒီလောက်ဆန့်ကျင်နေတာလဲ... မင်းအတွက် ငါလုပ်နေတာ... ငါ ကျန်းကျန့်ကို သဘောကျတယ်...သူက မင်းကို ငွေရာပေါင်းများစွာ ပေးနိုင်တယ်"

အဖေဟယ်က ပြောလိုက်၏။

ကျန်းကျန့် ဟုန်ရှင်းလောင်းကစားအိမ် ၏မန်နေဂျာ ဖြစ်လာသည်။ အကယ်၍ သူသာ ကျန်းကျန့် ၏ ယောက္ခမ ဖြစ်လာလျှင်. . .

"အဖေ...ကျန်းကျန့်ရဲ့နှလုံးသားထဲမှာ ကျောက်ကျင်းကော တစ်ယောက်ပဲရှိတယ်... အဖေ ထပ်ပြီး အဓိပ္ပါယ်မရှိတာတွေ ပြောရင် ကျွန်တော် အဖေ့ကို ထပ်ပြီး ကြိုးနဲ့တုပ်ထားလိုက်မယ်"

ဟယ်ချွန်းရှန့် သူ့ပစ္စည်းတွေ ယူရန် အိမ်ပြန်ရောက်သည့်အခါ သူ့အဖေပြောနေသည်ကို ကြားတော့ ဒေါသပုန်ထသွား၏။

အဖေဟယ်က နှုတ်ဆိတ်နေသော်လည်း မျက်ခွံများ၏နောက်ကွယ်တွင် ဝှက်ထားသော သူ၏ခေါင်းထဲရှိဘီးများသည် လှည်နေဆဲဖြစ်သည်။

ကျန်းကျန့်ကမူ ဟယ့်ရှီတွင်ဘာဖြစ်နေသည်ကိုမသိပေ။မနက်စောစောကတည်းက ကျောက်ကျင်းကောကို စီရင်စုမြို့သို့ ခေါ်သွားခဲ့သည်။

ကျန့်ရီက ကျန်းကျန့် စီမံခန့်ခွဲရန်အတွက် လောင်းကစားအိမ်တစ်ခုဖွင့်မည်ဟု ပြောခဲ့သော်လည်း လောင်းကစားအိမ်က ယခုအချိန်အထိ မမြင်ရသေးပေ။ထို့ကြောင့် မူလလောင်းကစားအိမ်တွင်သာ ပါဝင်နိုင်သောကြောင့် ကျန်းကျန့် လောလောဆယ် ဘာအလုပ်မှာ လုပ်စရာမလိုဘဲ မန်နေဂျာလစာကို ရနေသည်။

လောင်းကစားဝိုင်းကို လှည့်ပတ်ပြီးနောက် အိမ်မှာ တစ်ခုခုဖြစ်​နေသည့်အကြောင်း မန်နေဂျာကျန်းကို ပြောလိုက်သည်။အချိန်တချိူ့ကြာအောင် မလာနိုင်မှာကို သူစိုးမိသည်။

မန်နေဂျာကျန်းက ကျန်းကျန့်လောင်းကစားအိမ်နှင့် ခပ်ဝေးဝေးနေရန်ကို စိတ်အားထက်သန်နေသောကြောင့် သူ့မိသားစုတွင် တစ်ခုခုဖြစ်နေသည်ကိုကြားသောအခါ ဝမ်းသာအားရဖြင့် ကျန်းကျန့်ကို ပြုံးပြကာ လိုက်လံပို့ဆောင်သည်။ထိုနောက် ကျန်းကျန့်က ကျောက်ကျင်းကောကို သင်္ဘောကျင်းတွေဆီ ခေါ်သွားပြီး ရောင်းနေသည့် ကြက်နှင့်ဘဲ အားလုံးကို ဝယ်လိုက်၏။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now