တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1.4K 151 1
                                    

Chapter 75
Imperial MeowJuly 24, 2023
Chapter 75

:ကျန့်မိသားစုသခင်လေး





နောက်တစ်နေ့၌ ဟယ်ချွန်းရှန့်နှင့်ဟယ်ရှားရှန့်တို့၏မျက်နှာထက်က ဒဏ်ရာများက ပိုပြီးသိသာထင်ရှားလာကာ သူတို့၏ဖူးယောင်နေသည့်မျက်နှာများက ဝက်ခေါင်းများနှင့်တူလာသော်ငြား သူတို့၏စိတ်အခြေအနေက ကောင်းမွန်နေ၏။

သူတို့က သူတို့အဖေအားချည်ထားသည်ကို တစ်ချိန်လုံး လွှတ်မပေးခဲ့သော်လည်း နောက်ပိုင်းတွင် လွှတ်ပေးခဲ့သည်။သို့ဆိုရင်တောင်  အဖေဟယ်က ရိုးသားသူလေးနှယ် ပြုမူနေပြီး အိမ်တွင် ဆူဆူညံညံမလုပ်ရဲချေ။

အဖေဟယ်က ဆူဆူညံညံမလုပ်လာ၍ သူတို့က ရုတ်တရက်ပိုပြီးစိတ်သက်သာရာရသလို ခံစားရကာ ထိုညက ကောင်းကောင်းအိပ်ပျော်လေ၏။

သူတို့က ထိုနေ့နှင့်အရှေ့ရက်တွင်လည်း ကောင်းကောင်းစားနိုင်ခဲ့ရလေ၏။ရှေ့တစ်ရက်က သူတို့မှာ ကျောက်ကျင်းကောနှင့်ကျန်းကျန့်၏မင်္ဂလာဆောင်တွင် စားခဲ့ရပြီး နောက်တစ်နေ့တွင် ...ဟယ်မိသားစုက ဆန်ပြတ်လပ်သွားသော်ငြား ဟယ်ချွန်းရှန့်က ဟယ်ချိုးရှန့်အား သူတို့၏ဦးလေးအိမ်သို့ အစားအစာအတွက် သွားစေ၏။

သို့သော်လည်း သူနှင့်ဟယ်ရှားရှန့်ကမူ ထိုကဲ့သို့မလုပ်နိုင်ပါချေ။မနက်စောစောတွင် သူတို့က တစ်နေ့လုံးစားစရာမရှိဖြစ်နေတော့မည်ဟု တွေးလိုက်ရင်း ကျောက်အိမ်သို့ ဆာဆာနှင့်သွားလိုက်ကြ၏။သူတို့မမျှော်လင့်ထားခဲ့သည်က ကျန်းကျန့်က သူတို့အား စားသောက်ရန် ထမင်းနှစ်ပန်းကန်ပေးလာမည်ဟုပင်...သူတို့ စားသောက်ပြီးသွားသည်နှင့် ကြွေထည်ပစ္စည်းများရွှေ့ပေးရန် သူတို့ကို ပြောလာ၏။ 

ကျန်းကျန့်က သူတို့ကို လက်ခံလိုက်တာလား။သူတို့က အနာဂတ်မှာ ကျန်းကျန့်နောက် လိုက်နိုင်တော့မှာလား...

ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က ချက်ချင်းပင် အလုပ်ဆီသွားလိုက်ကြသည် တခြားလူများက သူတို့အား ချောင်းမကြည့်ဘဲမနေနိုင်ကြချေ။သူတို့မျက်နှာများက အတွင်းကြေဒဏ်ရာများနှင့် ထိုကဲ့သို့ဖူးယောင်နေသော်ငြား ပျော်ရွှင်နေဆဲပင်..

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now