တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1K 134 0
                                    

Chapter 72
Imperial MeowJuly 21, 2023
Chapter 72

IOUနှင့် ကတ်များ

[T/N IOU - I owe you ​ငွေ​​ချေးစာချုပ်]





လျူဟိုင်ထုန်က သူ့လူများကို ​ခေါ်ကာ ခပ်မြန်မြန် ထွက်သွား​​လေသည်။

ကျန်းကျန့်က လျူဟိုင်ထုန်မှာ သူ့အ​ပေါ် အန္တရာယ်ရှိ​သော သ​ဘောထားများ ရှိ​​နေသည်ဟု ခံစားရသဖြင့် ခပ်​ရေး​ရေး မျက်​မှောင်ကျုံ့လိုက်ပါ​သော်လည်း ​​ကြောက်ရွံ့​နေခြင်း​တော့ ရှိမ​နေပါ​ချေ။

သိသိသာသာပင် လျူဟိုင်ထုန်က လူမိုက်တစ်​ယောက်သာ ဖြစ်ပြီး လူမိုက်များမှာ ဘယ်​တော့မှ အစားမထိုးနိုင်သည်​တော့ မဟုတ်ပါ​ပေ။ အချို့လူများမှာ သူတို့ကို ကူညီ​ပေးရန်အတွက် လူမိုက်များ လိုအပ်ပါ​သော်လည်း အပြန်အလှန်အ​နေဖြင့် မကူညီနိုင်ပါ​ပေ။

ကျန်းကျန့်က အမှန်တွင် ယန်ကျင်းအား တစ်ခုခု ​မေးချင်ပါ​သော်လည်း ထိုအခိုက်၌ သူက လျူမိသားစုကို ​ဖြေရှင်းရ​ပေဦးမည်။

လျူဟိုင်ထုန် ရိုက်ချခံလိုက်ရပြီး ထွက်​ပြေးသွားသည်ကို ​တွေ့လိုက်ရ​သောအခါ လျူမိသားစုက ​ကြောက်ရွံ့​နေကြ​လေသည်။ သူတို့မှာလည်း ​ကျောက်ဖူ​​ကွေ့၊ ​ကျောက်ကျင်း​ကောနှင့် အခြားလူများထံမှ ဖမ်းခံလိုက်ရပြီး တိုက်ခိုက်ခံထားရသဖြင့် အနည်းနှင့်အများ ဒဏ်ရာရ​နေကြ​ပေသည်။ ထို့​ကြောင့် ယခုတွင် ထွက်မ​ပြေးနိုင်ကြ​တော့​ပေ။

ကျန်းကျန့်က လက်ထဲတွင် လျူဟိုင်ထုန်ထံမှ ဆွဲလုထားခဲ့သည့် ​သွေးစွန်း​နေ​သော ဓါးကို ကိုင်ထားဆဲ ဖြစ်ပြီး လွန်စွာ ​ကြောက်ဖို့​ကောင်းပုံ ​ပေါ်​နေခဲ့​လေသည်။

လျူတချန့်က သူ့ကို ကြည့်လိုက်ပြီး သွားနှစ်​​ချောင်းကျွတ်ထား​ပြီး ​​သွေးထွက်​နေသော သူ့ပါးစပ်ကို အုပ်ကိုင်ထား​လေသည်။ သူက ​ပြောလိုက်သည်။

"နားလည်မှု လွဲတာပါ... အားလုံးက နားလည်မှု လွဲ​နေကြတာပါ... ငါတို့က မင်္ဂလာပွဲတက်ဖို့ ​ရောက်လာကြရုံပါ"

"ဟုတ်ပါတယ်... ငါတို့အားလုံး မင်္ဂလာပွဲ လာတက်တာပါ" လျူအား​မောင့်သည်လည်း ​ပြောလိုက်​လေသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now