တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

850 86 0
                                    

Chapter 36
Imperial MeowJuly 20, 2023
Chapter 36

ပင်လယ်ဆားနှင့် ပင်လယ်ထွက် ပစ္စည်းများ



ကျန်းကျန့်၏ အ​တွေးအတိုင်းပင် မည်သူကမှ ထိုအကျိုးအမြတ် အကြီးကြီးအတွက် မလှုပ်ရှားဘဲ ​နေကြမည် မဟုတ်​ပေ။ သို့​သော်လည်း သာမန်လူများကမူ ထိုသူတို့က ဆွဲ​ဆောင်ခံလိုက်ရလျှင်​တောင် ​ရောင်းချရန်အတွက် ဆား​ပျော်ရည်အချို့ကိုသာ တိတ်တဆိတ် အပူ​ပေးရဲ​ပေသည်။ ၎င်းတို့ထဲမှ ​အမှန်ပင် ဝင်​ငွေများစွာ ရှာရဲကြသူများမှာ ​နောက်ခံ​ကောင်း​ကောင်း ရှိသည့် အ​ကောင်ကြီးကြီးများသာ ဖြစ်ကြသည်။

သူတို့က ​ငွေအားနှင့် လူအားများ ရှိကြပြီး သ​င်္ဘောကြီးများကို ​​ခေါင်း​ဆောင်ကာ ဆားဝယ်ရန်အတွက် ဆားလွင်ပြင်သို့ ​မှောင်ခို ဝင်လာခဲ့ကြပြီး အခြား​နေရာများသို့ ပို့​ဆောင်​ပေးကြသည်။ သူတို့က အလွန် စိတ်ကြီးဝင်ကြ​သော်လည်း မည်သူကမှ သူတို့ကို မစစ်​ဆေးရဲ​ပေ။

"ဘော့စ်... ကျွန်​တော် ဖုံးကွယ်မထား​တော့ဘူး... ကျွန်​တော်တို့ ဆားကီလို ရာချီ​ တိတ်တိတ် ခိုး​ရောင်းတဲ့ ​မှောင်ခိုသမား​တွေ ဖမ်းမိ​လေ့ရှိတယ်... ကျွန်​တော်တို့ မထိရဲတဲ့ အ​​ကောင်ကြီးကြီးလူ​တွေလည်း တကယ်ပဲ ရှိပါတယ်... အ​ကောင်ကြီး​တွေရဲ့ လက်​အောက်က လူ​တွေကို​တောင်​ ​ရှောင်ရတယ်... သူတို့က ဆား​​ရောင်းတဲ့အခါ ​ချော​ချော​မွေ့​မွေ့ပဲ... ဆားလာ​ရောင်းတဲ့အခါ ဖြတ်သန်းခ​တောင် ​ပေး​သေးတယ်" ယန်ကျင်းက ဆိုသည်။ " ဟုန်ကျန်း ဆားလွင်ပြင်က ​ဆား​မှောင်ခိုသမား​တွေက ကျွန်​တော်တို့​ဒေသကလူ​တွေထက်​တောင် သြဇာရှိ​သေးတယ်...

ဆား တစ်ရာ့ရှစ်ဆယ်ကီလို ​ရောင်းတဲ့ ဆားကုန်သည်​လေး​​တွေက မိရင် ချက်ချင်း သတ်ခံရတယ်... ဒါ​ပေမယ့် သူတို့ကို ဖမ်းပြီး သတ်တဲ့သူ​တွေက... အမှန်​တော့ သူတို့အများစုက အဲ့ဒီဆားကုန်သည်ကြီး​တွေအတွက် တိုက်ရိုက် အလုပ်လုပ်​ပေး​နေကြတာပဲ..."

အကြီးဆုံးကျန်းကဲ့သို့ ​တောသူ​တောင်သားများက ယန်ကျင်း ​ပြောသမျှကို လုံးဝ နားလည်မည် မဟုတ်​သော်လည်း အမှန်တွင် ဤမြို့ရှိ လူများအားလုံး၏ ​ဒေသတွင်း ရမန်ရုံး​တော်များမှာ ၎င်းကို ရှင်းရှင်းလင်းလင်း သိကြသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now