တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1.1K 139 2
                                    

Chapter 86
Imperial MeowJuly 24, 2023
Chapter 86

အတူတကွ အပြင်ထွက်ခြင်း





ရွှယ်က ယခုတွင် ကိုယ်လုပ်တော်ဖြစ်နေပြီး တခြားကလေးတစ်ဦး ကိုယ်ဝန်ရှိပြီဖြစ်ကာ လီမင်ကျဲ၏အိမ်တွင် ဆေးကုသမှုခံယူနေသော်လည်း လီကျူးကျန်က သနားစရာ ကလေးလေးယောက်နှင့်အတူ သူမကို လိုက်ရှာသောအခါတွင် သူမ စိတ်ပျော့လာသည်။

ထိုအကြောင်းပြောရလျှင် လီကျူးကျန်၏မိသားစုဘဝအနည်းငယ်ပိုကောင်းသရွေ့ ရွှယ် လီမင်ကျဲ၏အိမ်တွင်နေချင်လိမ့်မည်မဟုတ်ပေ။သို့သော်လည်း သူမက ဆင်းရဲမွဲတေမှုကိုကြောက်သည်။လီကျူးကျန်၏အိမ်မှာ စားစရာအလုံအလောက်မရှိသည့်နေ့တွေနှင့် နွေဦးပွဲတော်မှာ အကြွေးတွေပြန်ဆပ်ရန် လာတောင်းသည့်သူတွေ အမြဲရှိနေသည်ကိုတွေးပြီးနောက် သည်အိမ်မှာ လီမင်ကျဲက သူမကိုတကယ်မနှစ်သက်သလို သူမသားသမီးအရင်းက  သူမကို "အမေ"ဟု မခေါ်သည့်တိုင် ရွှယ်က ပြန်မသွားရန် ဆန္ဒရှိနေဆဲပင်။

သူမ ထွက်မသွားခဲ့သော်လည်း သူမ၏တခြားကလေးတွေအတွက် စိတ်မကောင်းဖြစ်နေတုန်းပင်။ထို့ကြောင့် လီကျူးကျန်တံခါးဝကို ရောက်လာသည့်အခါ သူမက သူမစုထားသည့် ပိုက်ဆံတချို့သူ့ကိုပေးပြီး မီးဖိုချောင်ထဲက ကြက်သားဟင်းများယူကာ သူမသားသမီးများကျွေးခဲ့သည်။

ထို့နောက်တွင်. . .လီကျူးကျန်က သူမကို ဆက်ပြီး နှောင့်ယှက်နေခဲ့၏။

ရွှယ်က သူမ၏ခင်ပွန်းနှင့်သားများကို စွန့်လွှတ်နိုင်ခဲ့သူဖြစ်သောကြောင့် သူမသည် ထပ်ခါတလဲလဲ အနှိပ်စက်ခံလိုစိတ်ရှိသူမဟုတ်ပေ။ သူမ လီကျူးကျန်နှင့် ချက်ချင်းစကားများတော့သည်။

လီမင်ကျဲက ထိုမြင်ကွင်းကို မြင်လိုက်ရသည်။သို့သော်လည်း သူက စိတ်ထား အလွန်ကောင်းသည်။လီကျူးကျန်၏ပိန်လှီသောအသွင်အပြင်အတွက်စာနာမှုအနည်းငယ်ခံစားရပြီးသူ့ကိုငွေဆယ်စပေးခဲ့သည်။

ဤသည်က အမှားတစ်ခုပါပင်။ မူလက. လီကျူးကျန်က ရွှယ်ကိုပဲ နှောင့်ယှက်ခဲ့ပြီး အိမ်ရှင်လီမင်ကျဲ ထံမှ ပုန်းရှောင်ခဲ့သည်။လီမင်ကျဲကို သူ မစော်ကားဝံ့ခဲ့ပေ။ယခုမူကား . . .လီကျူးကျန်က လီမင်ကျဲကို မကြောက်တော့ပေ။ကျန်းကျန့်နှင့် ယှဉ်လျှင် အမြဲပြုံးနေသည့် အနှီအိမ်ရှင်က သိပ်ကြောက်စရာ မရှိပါချေ။သူက အများကြီး ပြဿနာရှာခဲ့သည်ကိုပင် လီမင်ကျဲက မိသားစုထဲက နှစ်ရှည်ဝန်ထမ်းကို ဆွဲထုတ်ခိုင်းရုံသာပြုလုပ်တတ်သည် . . .ထို့ကြောင့် လီကျူးကျန်က ခဏပြီးခဏ သူ့အား စိတ်အနှောင့်အယှက်ဖြစ်အောင် လာလုပ်ကာ ငွေတချို့လက်ခံရရှိခဲ့လေသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now