တစ်ဦးတည်းသောချစ်ဇနီး

1.9K 123 0
                                    

CHAPTER 2
- ဒီ​ကောင်​လေးက ရုပ်​ချောတယ်

ထိုမှတ်ဥာဏ်များကို လက်ခံရရှိလိုက်​သော ကျန်းကျန့်မှာ အလွန်အမင်း စိတ်တင်းကြပ်သွားပြီး မျိုလဲမချနိုင် ​ထွေးလည်း မထုတ်နိုင်သည့် ​အော်ဂလီဆန်စရာ ခံစားချက်တစ်ခု ထိုးတက်လာခဲ့သည်။

ဒီကျန်းမိသားစုက တကယ် စိတ်ပျက်စရာပဲ... အကြီးဆုံးသားကို မိသားစုရဲ့ အလုပ်​အားလုံး လုပ်ခိုင်းထားပြီး​တော့ သူ့ကို ကျိန်ဆဲ​နေကြပြီး​ ဂြိုလ်ဆိုး​ကောင်လို့ ​တွေး​နေကြတုန်းပဲ...

ကျန်းကျန့်​ဝေကလည်း ဆိုးလိုက်တာလွန်​ရော... နှစ်ဆယ့်​ခြောက်နှစ်ရှိတဲ့ အမျိုးသားတစ်​ယောက်က ဘယ်လို ခုခံရမလဲ မသိဘူးဆိုတဲ့ အတိုင်းအတာကို ​ကျော်လွန်သွားပြီးပြီ... သူက အိမ်အလုပ်​တွေ အားလုံး လုပ်​နေရတာကို သူတို့​တွေ သိကြတာပဲ... ဗိုက်ဖြည့်ဖို့ ကိုယ့်ဘာသာကိုယ် အစားအ​သောက်​တွေ ယူစားလို့မရဘူးလား... မင်းက ရန်မဖြစ်ချင်ဘူးဆိုရင်​တောင် အခုမင်းဗိုက်ဆာ​နေတဲ့အချိန် တစ်​ယောက်​ယောက် ​ဘေးနားက ဖြတ်သွားတဲ့အခါ အော်ပြီး အကူအညီ​တောင်းရင် မင်းဘဝကို ဆုံးရှုံးရမှာ မဟုတ်ဘူးကွ...

ဆုံးရှုံးမှုများကို ​​ခံစားရရန် အမြဲတမ်း ဆန္ဒမရှိခဲ့​သော ကျန်းကျန့်မှာ အကြီးဆုံးသား၏ အပြုအမူများကို နားမလည်နိုင်။ သို့​သော်လည်း ​တစ်ခဏမျှ ​ဒေါသထွက်ပြီး​နောက် တိတ်ဆိတ်သွား​လေသည်။

ထိုအကြီးဆုံးကျန်းမှာ ရန်ညှိုးရန်စထားရန် ဆန္ဒမရှိဘဲ ရလဒ်အ​နေဖြင့် ပြဿနာများကို စိတ်ထဲတွင်သာ ခံစားရန် တွန်းအား​ပေးခံခဲ့ရသည်။ ထိုအ​ကြောင်း​ကြောင့်သာ ဖြစ်သင့်​ပေသည်။

ကျန်းကျန့်မှာ စိတ်ကျန်းမာ​ရေး ချွတ်ယွင်းမှုအ​ကြောင်း သိပ်မသိပါ​သော်လည်း ​သေ​သေချာချာ စဥ်းစားကြည့်ပြီး​နောက် အကြီးဆုံးသား၏ လက္ခဏာအများစုမှာ မကြာခဏ​ ​ပြော​လေ့ရှိကြသည့် စိတ်ကျ​ရောဂါနှင့် ဆင်တူ​နေသည်။

အချိန်အ​တော်ကြာ ရှင်သန်ခဲ့သည့် ကြမ်းတမ်း​သော လူအိုကြီး ကျန်းကျန့်မှာ "စိတ်ကျ​ရောဂါ"​၏ ခံစားချက်များကို နားမလည်ပါ​သော်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿများနှင့် မရင်းနှီးသည်​​တော့ မဟုတ်​ပေ။ သူကိုယ်တိုင်ကပင် စိတ်​ရောဂါအထူးကုဆရာဝန် တစ်​ယောက်နှင့် ပြသခဲ့ဖူးသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now