တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1.1K 159 3
                                    

Chapter 65
Imperial MeowJuly 21, 2023


Chapter 65

"အဲ့နားက ဘယ်သူလဲ..."

ကျန်းကျန့်က ဤနေရာကို ဘယ်သူမှလာမှာမဟုတ်ဟု ထင်ထားခဲ့မိသည်။ သို့သော် သူ့အနောက်မှ တရှဲရှဲမြည်သံများကိုကြားလိုက်ရသဖြင့် ဖျတ်ခနဲ ခေါင်းလှည့်ကြည့်လိုက်သည်။

"ကျ...ကျွန်တော်ပါ"

ဟယ်ချိုးရှန့်က ချုံပုတ်တွေကြားက ထွက်လာလေသည်။ ရက်အနည်းငယ်လောက် မတွေ့ဖြစ်သည့်အတောအတွင်းမှာ ဟယ်ချိုးရှန့်ခမျာ မျက်တွင်းဟောက်ပက်ဖြစ်နေရှာသည်။ သူက အပေါ်ပိုင်းဗလာကျင်းနေသော ကျန်းကျန့်ကို မကြည့်ရဲသဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။

"မင်း ဘာဖြစ်လာတာလဲ"

ကျန်းကျန့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး သူ့အင်္ကျီကို ပြန်ဝတ်ထားလိုက်သည်။

"ကျွန်တော်..."

ဟယ်ချိုးရှန့်မှာ အံတင်းတင်းကြိတ်ထားပြီး စကားမပြောဝံ့ချေ။

ဟယ်ချိုးရှန့် ဤနေရာကို ရောက်လာရသည့်အ​ကြောင်းအရင်းမှာ သူ့မိဘများက ဖိအားပေးသောကြောင့် ဖြစ်သည်။ သူသည် ကလေးဘဝကတည်းက ဘယ်လိုနစ်နာမှုမျိုးမှ မခံစားခဲ့ရချေ။ ကျန်းကျန့်က သူ့ကိုကယ်တင်ပေးခဲ့ပြီး သူ့အပေါ် ခံစားချက်ကောင်းများ ဖြစ်ပေါ်လာသော်လည်း ကျန်းကျန့်ဆီက လျစ်လျူရှုခံပြီးနောက် သူ မျက်နှာပြောင်တိုက်ပြီး တွယ်ကပ်မနေချင်သော်လည်း သူ့မိဘများကတော့ အမြင်မတူချေ။

လျူဟိုင်ထုန်ကို ကျန်းကျန့် ရိုက်နှက်ဆုံးမလိုက်သော်လည်း လျူဟိုင်ထုန်က သူ့အကြွေးများကိုပြန်ဆပ်စေချင်နေဆဲပင်။ ကျန်းကျန့်က ထိုပြဿနာနှင့်ပတ်သက်ပြီးတော့ မကူညီခဲ့ပေ။ အဓိပ္ပါယ်ကတော့ သူ့အဖေတင်နေသည့်အကြွေးကို တောင်းဖို့ လျူဟိုင်ထုန် ထပ်လာနေဦးမည့်သဘောပင်။

အဖေဟယ်သည် ဤရက်ပိုင်းမှာ ဂနာမငြိမ်ဖြစ်နေရသည်။ ယခင်က သူ အကြွေးအများကြီးတင်နေသော်လည်း ဟယ်ချိုးရှန့်ကို သူ့အကြွေးများအစား ပေးလိုက်နိုင်လေသည်။ သို့သော် ကျန်းကျန့်က လျူဟိုင်ထုန်ကို ရိုက်နှက်ဆုံးမလိုက်သည့်အတွက် သူက ဟယ်ချိုးရှန့်ကို မလိုချင်တော့ဘဲ အကြွေးများကိုသာ ပြန်ဆပ်စေချင်နေသည်။ သည်လောက်အများကြီး ဘယ်ကနေထွက်လာမှာတဲ့လဲ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now