chapter 93

718 109 0
                                    

Chapter 93
Imperial MeowJuly 24, 2023
Chapter 93

ကျောက်ကျင်းကောက လူတွေကို ရိုက်နှက်ခြင်း





ကျောက်ကျင်းကောက ကျန်းကျန့်၏နောက်သို့ တစ်လျှောက်လုံး လိုက်နေခဲ့ပြီး အရာများစွာကို မြင်တွေ့ခဲ့ရသည်။ဤလူများ ပြဿနာရှာနေကြောင်း မည်ကဲ့သို့ နားမလည်ဘဲနေမည်နည်း။

"ခင်ဗျားတို့ ဘာလိုချင်တာ​လဲ"

ကျောက်ကျင်းကောက မေးလိုက်သည်။

"မင်း အဲ့ဒီမှာ အကုန်လုံးကို စိမ်ပြီး ဘာလုပ်ချင်တာလဲ ငါတို့ကမင်းကိုမေးရမှာ"

ခေါင်းဆောင်က ပြောသည်။

ဤလူတွေက တကယ့်ကို ရန်စရန် ရောက်နေခြင်းဖြစ်သည်။သူတို့အားလုံးက ကျန့်မိသားစုဝင်တွေဖြစ်ပြီး ကျန့်ရီကို အမြဲကာကွယ်ပေးခဲ့၏။ သို့သော် ဤတစ်ကြိမ်တွင် ကျန့်ရီက သူတို့ကို အခြားသင်္ဘောများသို့ မထင်မှတ်ဘဲ တာဝန်ပေးအပ်ခဲ့သော်လည်း ကျန်းကျန့်နှင့် သူ၏လူများကိုမူ ပင်မသင်္ဘောပေါ်တွင် လိုက်ပါခွင့်ပေးခဲ့သည်။

ဤလူတွေက စိတ်တိုနေကြသည်ဖြစ်ရာ သူတို့ မည်သို့ရန်မစဘဲနေမည်နည်း။ကျန်းကျန့် မရှိတော့သောအခါ သူတို့သည် ကျန်းကျန့်၏ညာလက်ရုံးဖြစ်ပုံရသော ကျောက်ကျင်းကော၏နောက်သို့လိုက်ကြသည်။

"ကောင်လေး... မင်း ပိုက်ဆံ ဆုံးရှုံးတော့မယ်"

"ဒီအခန်းကို လက်လျော့လိုက်"

"ငါတို့ကို တောင်းပန်ပါ...ပြီးသွားလိမ့်မယ်"

. . .

ဤလူများသည် ကျောက်ကျင်းကောကိုကြည့်သောအခါတွင် ၎င်းတို့၏ ဒေါသကို လုံးဝမဖုံးကွယ်ဘဲ အချို့မှာ ရှေ့သို့ ထွက်လာပြီး ကျောက်ကျင်းကော ကြမ်းပြင်ပေါ်၌ချထားသော ဖျာကို ဆွဲထုတ်ကာ နှစ်ကြိမ်တိုင်တိုင် တက်နင်းကြသည်။

အကယ်၍ အတိတ်ကဖြစ်ခဲ့လျှင် ကျောက်ကျင်းကော သူ၏ ရပ်တည်ချက်ကို ပျော့ပျောင်းစေပြီး အခန်းကို စွန့်လွှတ်လိုက်ပေလိမ့်မည်။သို့ပေမဲ့ ကျန်းကျန့်အကြောင်းကို သူတွေးပြီးနောက် လုံးဝသည်းမခံချင်ပေ။ကျန်းကျန့် ပြန်လာပါက ဤအခန်းကို လက်လွှတ်လိုက်ရ၍ စိတ်ပျက်သွားလိမ့်မည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now