chapter 94

687 108 0
                                    

Chapter 94
Imperial MeowJuly 24, 2023
Chapter 94

သူက ကောတစ်ယောက်



ဤအခိုက်အတန့်တွင် လုတ အနည်းငယ်နောင်တရနေခဲ့သည်။ သူနှင့် သူ့လူများသည် ကျန်းကျန့်၏လူများထက် များစွာသာလွန်ကြောင်း ကျန့်ရီသိစေလိုသောကြောင့် ကျောက်ကျင်းကောကို သွားရန်စခဲ့သည်။ယခုမူ. . . ဤကဲ့သို့ ရိုက်နှက်ခြင်းခံရသဖြင့်  ကျန့်ရီ သူတို့ကို စိတ်ပျက်မည်ကို သူကြောက်ရွံ့နေခဲ့သည်။

ဤကျန်းကျန့်နားက လူတွေက တကယ်ကို ကျွမ်းကျင်မှု တစ်ခုခုရှိကြသည်။ သို့သော် သူကအရှက်ကွဲနေပြီဖြစ်သောကြောင့် ဤလူကို သင့်တင်လျောက်ပတ်စွာ ဖြုတ်ချခြင်းသည် ပိုကောင်း၏။

လုတက ချက်ချင်းပြောလိုက်သည်။

"သခင်လေးကျန့်... နဖူးမှာ အမာရွတ်နဲ့ လူက ကျွန်တော့်ကို အရင်ထိခဲ့တဲ့သူပါ... သူက ရေပုံးကို မှောက်ချပစ်လို့ ကျွန်တော် စကားနည်းနည်းပဲ ပြောလိုက်တာနဲ့ သူကကျွန်တော့်ကိုလာပြီးထိုးပါတယ်”

"အဲဒါအမှန်လား"

ကျန့်ရီက မေးလိုက်ပြီး ကျောက်ကျင်းကောကို ကြည့်လိုက်သည်။

“မဟုတ်ဘူး...သူက ကျွန်တော့်အခန်းထဲကို ပြေးဝင်ပြီး ရေပုံးကို ကန်ခဲ့တာ...”

ကျောက်ကျင်းကောက ကျန့်ရီကို အတော်လေး စိတ်မသက်မသာဖြစ်စွာ လှမ်းကြည့်ရင်း ငြင်းလိုက်သည်။ကျန်းကျန့် ဒုက္ခရောက်သွားမှာကို သူကြောက်၏။

"မင်းကမဟုတ်ကဟုတ်ကတွေ ပြောနေတာ"

လုတက ချက်ချင်းပြောလိုက်သည်။

လုတပတ်၀န်းကျင်ရှိလူများကလည်း

"သခင်လေးကျန့် သူကအရင်စလုပ်တာ"

"သူက မညှာမတာလုပ်တာ"

"ငါတို့အားလုံး သူ့ဆီက အရိုက်ခံရတယ်"

ဤလူများက သူတို့ စကားများမျာပြောလေလေ စိတ်တိုလေလေဖြစ်နေကြသည်။သူတို့အားလုံးက ကျန့်ရီက သူတို့အတွက် ဆုံးဖြတ်ချက်ချပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။ ပြန်မတိုက်နိုင်တာက နည်းနည်း ရှက်စရာကောင်းပေမဲ့ သူတို့အားလုံးက အရမ်းသနားစရာကောင်းတာမို့ သခင်လေးကျန့်က သူတို့ကို ခွင့်မပြုဘဲနေနိုင်မှာမဟုတ်ဘူး...ဟုတ်တယ်မလား...

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now